Sunday, October 1, 2017

အရွိန္မထိန္းနိုင္ေသာ ဆိုင္ကယ္မွ လမ္းေဘးရွိကုကၠိဳပင္အား ဝင္ေရာက္တိုက္မိ၍ ေသဆုံးမွုျဖစ္ပြား




အရွိန္မထိန္းနိုင္ေသာ ဆိုင္ကယ္မွ လမ္းေဘးရွိကုကၠိဳပင္အား ဝင္ေရာက္တိုက္မိ၍ ေသဆုံးမွုျဖစ္ပြား ခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ စက္တင္ဘာ ၂ေနစြဲျဖင့္ ေဖၚျပထားပါတယ္။

၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မေကြး၊ စက္တင္ဘာ ၂၉

၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္ေန႔ ည ၆ နာရီအခ်ိန္ မေကြးတိုင္းေဒသႀကီး၊ ေဆာၿမိဳ႕နယ္၊ ေဆာ-ပခုကၠဴကားလမ္း မိုင္တိုင္အမွတ္(၇၃/၃-၄)ၾကားတြင္ ဆိုင္ကယ္တိုက္မွု ျဖစ္ပြား ေၾကာင္း သတင္းအရ ေက်ာက္ထုနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ ေက်ာက္ထုဘက္မွ ပခုကၠဴဘက္သို႔ ေက်ာက္ထုၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္ေန ၿငိမ္းခ်မ္းေအာင္(၂၂)ႏွစ္ေမာင္းႏွင္လာသည့္ ၅၇ယ/××××× Shanyan -110 နီနက္ၾကားေရာင္ဆိုင္ ကယ္သည္ အရွိန္မထိန္းနိုင္ဘဲ လမ္းေဘးရွိကုကၠိဳပင္အား ဝင္ေရာက္တိုက္မိသျဖင့္ ၿငိမ္းခ်မ္းေအာင္ တြင္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားသျဖင့္ ၎အား ေက်ာက္ထုနယ္ေၿမ ရဲစခန္းယာဥ္(ပ)၁၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္ အမွုဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Unicode

အရှိန်မထိန်းနိုင်သော ဆိုင်ကယ်မှ လမ်းဘေးရှိကုက္ကိုပင်အား ဝင်ရောက်တိုက်မိ၍ သေဆုံးမှုဖြစ်ပွား

မကွေး၊ စက်တင်ဘာ ၂၉

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၆ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ဆော-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ်(၇၃/၃-၄)ကြားတွင် ဆိုင်ကယ်တိုက်မှု ဖြစ်ပွား ကြောင်း သတင်းအရ ကျောက်ထုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ထုဘက်မှ ပခုက္ကူဘက်သို့ ကျောက်ထုမြို့၊ မြို့မရပ်ကွက်နေ ငြိမ်းချမ်းအောင်(၂၂)နှစ်မောင်းနှင်လာသည့် ၅၇ယ/××××× Shanyan -110 နီနက်ကြားရောင်ဆိုင် ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိကုက္ကိုပင်အား ဝင်ရောက်တိုက်မိသဖြင့် ငြိမ်းချမ်းအောင် တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ၎င်းအား ကျောက်ထုနယ်မြေ ရဲစခန်းယာဉ်(ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news on Saturday, September 29, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.

We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not have luxuries Medias and only have a phone in theirs hands. 

Reference Link: https://www.facebook.com/magway.div.polmedia/

Retrieved Date: Sunday, October 1, 2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...