သေဆုံး/ဒဏ်ရာရ ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ
တွင် အောက်တိုဘာ ၅ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မကွေး၊ အောက်တိုဘာ ၅
Unicode
အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက်တိုက်မိ၍
သေဆုံး/ဒဏ်ရာရ
မကွေး၊ အောက်တိုဘာ ၅
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်
မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၂၅၆/၁)၊
သစ်ထုတ်လုပ်ရေး၊ သစ်ပုံဆိပ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပဒါန်းရဲကင်းစခန်းမှ
တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပန်းတောင်းရွာဘက်မှ ပဒါန်းရွာဘက်သို့
ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာနေ လှမြင့်ဌေး(၅၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဝင်းမြင့်အောင့်
(၃၄)နှစ် လိုက်ပါလာသော ANBO-125 အစိမ်းရောင်ဆိုင်ကယ်အား မျက်နှာချင်းဆိုင်မှ မင်းဘူးမြို့နယ်၊
ဆင်ခေါင်းကျေးရွာနေ ကျော်ဆန်းဦး(၂၇)နှစ် မောင်းနှင်လာသော ၃၈ယ/×××××
XINXAING-110 နီ/နက်ရောင်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့
ဝင်ရောက် တိုက်မိခဲ့ရာ လှမြင့်ဌေး တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး
ကျော်ဆန်းဦးနှင့် ဝင်းမြင့်အောင် တို့တွင့် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ကျော်ဆန်းဦး
အား ငဖဲမြို့မရဲစခန်း(ပ)ယာဉ်(ပ)၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေး
ယူထားကြောင်း သတင်းရရှိသည်။
This article first appears in မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
news on October 5, 2017 of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
Facebook.
We acknowledged © of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
and thus full credit given to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့.
We are nonprofits volunteers and we only retrieved this
news to support all communities from Myanmar who do not have luxuries Medias
and only have a phone in theirs hands.
Reference Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal
Retrieved Date: October 6, 2017
No comments:
Post a Comment