Saturday, October 7, 2017

လက္နက္ ကုိင္ေဆာင္၍ လမ္းသြားလမ္းလာမ်ားအား ရန္ရွာေနသူကုိ လက္နက္ပုဒ္မ ၁၉(င)ျဖင့္အေရးယူ




လက္နက္ ကုိင္ေဆာင္၍ လမ္းသြားလမ္းလာမ်ားအား ရန္ရွာေနသူကုိ လက္နက္ပုဒ္မ ၁၉(င)ျဖင့္အေရးယူ ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္ ေအာက္တုိဘာ ၇ ေနစြဲျဖင့္  ေဖၚျပထားပါတယ္။

၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မႏၲေလး၊ ေအာက္တုိဘာ ၇

၅-၁၀-၂၀၁၇ ရက္ေန႔ ည ၈ နာရီ ၅၀ အခ်ိန္ ခ်မ္းျမသာစည္ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားသည္ နယ္ေျမလွည့္ကင္းေဆာင္ရြက္ေနစဥ္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ သံလွ်က္ေမွွာ္ေတာင္ရပ္ကြက္၊ ကန္ေတာ္ ႀကီးပတ္လမ္း၊ ကန္ေတာ္ႀကီးပန္းၿခံအနီးတြင္ ၀င္းလင္းထြန္း ၂၀ႏွစ္၊ စိန္ပန္းရပ္ကြက္၊ မဟာေအာင္ေျမ ၿမိဳ႕နယ္ေနသူသည္ အရုိးအသြား(၂၄)လက္မခန္႔ရိွ ဓားဦးခြ်န္ဓားရွည္ တစ္ေခ်ာင္းအားကုိင္ေဆာင္၍ လမ္းသြားလာသူမ်ားအား ရန္ရွာေန သည္ ကုိေတြ႔ရိွရသျဖင့္ ထိန္းသိမ္းဖမ္းဆီးခဲ့ သျဖင့္ ၀င္းလင္းထြန္း အား ခ်မ္းျမသာစည္ၿမိဳ႕မရဲစခန္း(ပ)၃၈၅/၂၀၁၇ လက္နက္ပုဒ္မ ၁၉(င)အရ အမႈဖြင့္ စစ္ေဆးလ်က္ ရိွေၾကာင္း သတင္းရရိွသည္။

Unicode

လက်နက် ကိုင်ဆောင်၍ လမ်းသွားလာသူများအား ရန်ရှာနေ ကို လက်နက်ပုဒ်မ ၁၉(င)ဖြင့်အရေးယူ

မန္တလေး၊ အောက်တိုဘာ ၇

၅-၁၀-၂၀၁၇ ရက်နေ့ ည ၈ နာရီ ၅၀ အချိန် ချမ်းမြသာစည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ ကန်တော် ကြီးပတ်လမ်း၊ ကန်တော်ကြီးပန်းခြံအနီးတွင် ဝင်းလင်းထွန်း ၂၀နှစ်၊ စိန်ပန်းရပ်ကွက် မဟာအောင်မြေ မြို့နယ်နေသူသည် အရိုးအသွား(၂၄)လက်မခန့်ရှိ ဓားဦးချွန်ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်၍ လမ်းသွားလာသူများအား ရန်ရှာနေ သည်ကိုတွေ့ရှိရသဖြင့် ထိန်းသိမ်းဖမ်းဆီးခဲ့သဖြင့် ဝင်းလင်းထွန်း အား ချမ်းမြသာစည်မြို့မရဲစခန်း(ပ)၃၈၅/၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(င)အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on October 7, 2017 of Mandalay Police Facebook.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 8/10/2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...