Monday, October 9, 2017





နေအိမ်အိပ်ခန်း၌ ချိတ်ဆွဲထားသောလွယ်အိတ်အတွင်းမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် အောက်တိုဘာ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ အောက်တိုဘာ ၉

၈-၁၀-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှတပ်ဖွဲ့ဝင်များ၊ နွယ်ရုံရဲကင်းမှူးနှင့် တပ်ဖွဲ့ဝင်တို့ပါဝင်သောအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနေ ဇင်သူအောင် ၂၇ နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဇင်သူအောင်နှင့် ညီဖြစ်သူ မိုးဇက် ၂၀ နှစ်တို့ ၂ ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိ နေသူ တစ်ရွာနေ သူရကို ၂၉ နှစ်တို့အား တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်း တိုင်တွင် ချိတ်ဆွဲထားသော အနက်ရောင်လွယ်အိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ ပြား၊ အလေးချိန် ၁၆ ဂရမ်(ဒေသပေါက်ဈေး ၁ ပြားလျင် ၄၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၆၄၀၀၀၀ ကျပ်)နှင့် LIPOVITAN-D စာတန်းပါ ပုလင်း အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်အမှုန့် အလေးချိန် ၆ ဂရမ်နှင့် JUST MODEN ပါ အနက်ရောင်ကော်ဘူးအတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်အမှုန့် အလေးချိန် ၀.၃ ဂရမ် စုစုပေါင်း ၆.၃ ဂရမ်(ဒေသပေါက်ဈေး ၁ ဂရမ်လျင် ၁ သိန်းကျပ်နှုန်းဖြင့် တန်ဖိုး ၆၃၀၀၀၀ ကျပ်)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဇင်သူအောင်ပါ ၃ ဦးအား လက်ပန်လှ ရဲကင်းစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode
နေအိမ်အိပ်ခန်း၌ ချိတ်ဆွဲထားသောလွယ်အိတ်အတွင်းမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

မန္တလေး၊ အောက်တိုဘာ ၉

၈-၁၀-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှတပ်ဖွဲ့ဝင်များ၊ နွယ်ရုံရဲကင်းမှူးနှင့်တပ်ဖွဲ့ဝင်တို့ပါ၀င်သောအဖွဲ့တို့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်း အရ စဉ့်ကူး မြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနေ ဇင်သူအောင် ၂၇ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဇင်သူအောင်နှင့် ညီဖြစ်သူ မိုးဇက် ၂၀ နှစ်တို့ ၂ ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိ နေသူတစ်ရွာနေ သူရကို ၂၉ နှစ်တို့အား တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်း တိုင်တွင် ချိတ်ဆွဲထားသော အနက်ရောင်လွယ်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ ပြား၊ အလေးချိန် ၁၆ ဂရမ်(ဒေသပေါက်စျေး ၁ ပြားလျင် ၄၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၆၄၀၀၀၀ ကျပ်)နှင့် LIPOVITAN-D စာတန်းပါ ပုလင်း အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၆ ဂရမ်နှင့် JUST MODEN ပါအနက်ရောင်ကော်ဘူးအတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၀.၃ ဂရမ် စုစုပေါင်း ၆.၃ ဂရမ်(ဒေသပေါက်စျေး ၁ ဂရမ်လျင် ၁ သိန်းကျပ် နှုန်းဖြင့် တန်ဖိုး ၆၃၀၀၀၀ ကျပ်)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဇင်သူအောင်ပါ ၃ ဦးအား လက်ပန်လှရဲကင်း စခန်းတွင် မူးယစ်ဆေးဝါးနှင် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on October 9, 2017 of Mandalay Police Facebook.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 10/10/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...