Friday, October 6, 2017

ေနအိမ္၌ ဖဲေလာင္းကစားျပဳလုပ္သူမ်ားအား အမွုဖြင့္အေရးယူထား




ေနအိမ္၌ ဖဲေလာင္းကစားျပဳလုပ္သူမ်ားအား အမွုဖြင့္အေရးယူထား ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ ေအာက္တိုဘာ ၄ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။

၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မေကြး၊ ေအာက္တိုဘာ ၄

၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၃ ရက္ေန႔ ည ၇ နာရီ ၄၅ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ေန ျမင့္သူ(၂၈)ႏွစ္၏ ေနအိမ္တြင္ ဖဲေလာင္းကစားျပဳလုပ္ေန ေၾကာင္း သတင္းအရ ဆင္ေပါင္ဝဲၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္ ဖမ္းဆီးခဲ့ရာ ေနအိမ္၌ အိမ္ရွင္ ျမင့္သူ ႏွင့္ တစ္ရပ္ကြက္တည္းေန ဦးတင္ဝင္း(၆၀)ႏွစ္၊ ဦးေအာင္တင္ႀကိဳင္(၄၅)ႏွစ္၊ ေက်ာ္မင္းခိုင္(၂၀)ႏွစ္တို႔အား ဖဲေလာင္းကစားရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြမ်ားႏွင့္အတူ သိမ္းဆည္းဖမ္းဆီးရမိခဲ့သျဖင့္ ၎တို႔(၄)ဦး အား ဆင္ေပါင္ဝဲၿမိဳ႕မရဲစခန္း(ပ)၉၉/၂၀၁၇၊ ေလာင္းကစားဥပေဒပုဒ္မ ၁၃(က)/၁၄(က)ျဖင့္ အမွုဖြင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

Unicode

နေအိမ်၌ ဖဲလောင်းကစားပြုလုပ်သူများအား အမှုဖွင့်အရေးယူထား

မကွေး၊ အောက်တိုဘာ ၄

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်နေ မြင့်သူ(၂၈)နှစ်၏ နေအိမ်တွင် ဖဲလောင်းကစားပြုလုပ်နေ ကြောင်း သတင်းအရ ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးခဲ့ရာ နေအိမ်၌ အိမ်ရှင် မြင့်သူ နှင့် တစ်ရပ်ကွက်တည်းနေ ဦးတင်ဝင်း(၆၀)နှစ်၊ ဦးအောင်တင်ကြိုင်(၄၅)နှစ်၊ ကျော်မင်းခိုင်(၂၀)နှစ်တို့အား ဖဲလောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ သိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့(၄)ဦး အား ဆင်ပေါင်ဝဲမြို့မရဲစခန်း(ပ)၉၉/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news on October 4, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.

We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not have luxuries Medias and only have a phone in theirs hands. 
Reference Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal

Retrieved Date: October 6, 2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...