Sunday, October 1, 2017

မီးပလပ္ခုံမွ မီးႀကိဳးသြယ္၍ ကားမီးခြက္ျပဳျပင္ေနစဥ္ လူတစ္ဦးဓာတ္လိုက္ေသဆုံး




မီးပလပ္ခုံမွ မီးႀကိဳးသြယ္၍ ကားမီးခြက္ျပဳျပင္ေနစဥ္ လူတစ္ဦးဓာတ္လိုက္ေသဆုံး ခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ စက္တင္ဘာ ၃၀ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။

၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မေကြး၊ စက္တင္ဘာ ၃၀
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၉ ရက္ေန႔ ညေန ၃ နာရီအခ်ိန္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ မေကြးနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ျပည္သူ႔ေဆး႐ုံႀကီး၌ ဓာတ္လိုက္၍ ေသဆုံးသြားသူတစ္ဦးေရာက္ရွိေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆး ခဲ့ရာ မေကြးၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္ေန ေတဇာေအာင္(၃၄)ႏွစ္ျဖစ္ၿပီး ၎ပိုင္ HINO(၁၂)ဘီး ယာဥ္၏ ယာဘက္ျခမ္းေရွ႕မီးခြက္အား ျပဳျပင္ရန္ ေနအိမ္မီးပလပ္ခုံမွ မီးႀကိဳးသြယ္၍ လၽွပ္စစ္ေမာ္ တာေဖာက္စက္ျဖင့္ တစ္ဦးထဲ ျပဳျပင္ေနစဥ္ ေဖာက္စက္လက္ကိုင္မွ လၽွပ္စစ္ကူးၿပီး ဓာတ္လိုက္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရေသာေၾကာင့္ မေကြးနယ္ေျမရဲစခန္း၌ ေသမွုေသခင္း အမွတ္စဥ္ (၈/၂၀၁၇)ျဖင့္ အမွုေရးဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Unicode

မီးပလပ်ခုံမှ မီးကြိုးသွယ်၍ ကားမီးခွက်ပြုပြင်နေစဉ် လူတစ်ဦးဓာတ်လိုက်သေဆုံး

မကွေး၊ စက်တင်ဘာ ၃၀

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီး၌ ဓာတ်လိုက်၍ သေဆုံးသွားသူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ရာ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ တေဇာအောင်(၃၄)နှစ်ဖြစ်ပြီး ၎င်းပိုင် HINO(၁၂)ဘီး ယာဉ်၏ ယာဘက်ခြမ်းရှေ့မီးခွက်အား ပြုပြင်ရန် နေအိမ်မီးပလပ်ခုံမှ မီးကြိုးသွယ်၍ လျှပ်စစ်မော် တာဖောက်စက်ဖြင့် တစ်ဦးထဲ ပြုပြင်နေစဉ် ဖောက်စက်လက်ကိုင်မှ လျှပ်စစ်ကူးပြီး ဓာတ်လိုက် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသောကြောင့် မကွေးနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၇)ဖြင့် အမှုရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news on Saturday, September 30, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.

We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not have luxuries Medias and only have a phone in theirs hands. 

Reference Link: https://www.facebook.com/magway.div.polmedia/

Retrieved Date: Sunday, October 1, 2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...