ကာလတန္ဖိုးထက္လၽွာ့၍ ဆိုင္ကယ္လိုက္လံေရာင္းခ်ေနသည့္ မသကၤာဖြယ္သူအား
အမွုဖြင့္ စစ္ေဆးလ်က္ရွိ ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook
စာမ်က္နွာ တြင္ စက္တင္ဘာ ၃၀ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မေကြး၊ စက္တင္ဘာ ၃၀
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၉ ရက္ေန႔ ည ၇ နာရီအခ်ိန္ မေကြးတိုင္းေဒသႀကီး၊
တိုင္းရဲ အကူတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕ဝင္မ်ား၊ မေကြးနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ
ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမသတင္းစုံစမ္းေနစဥ္ မေကြးၿမိဳ႕၊ ေအာင္ရတနာရပ္ကြက္၊
ရန္ေဝးရပ္ ရွိ ကားႀကီးဝန္း၌ မသကၤာဖြယ္သူတစ္ဦးမွ ဆိုင္ကယ္(၁)စီးအား ကာလတန္ဖိုးထက္ေလၽွာ့၍
လိုက္လံ ေရာင္းခ်ေနေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးခဲ့ရာ မေကြးၿမိဳ႕၊ သရက္ေလးပင္ေက်းရြာေန
ေက်ာ္ကို(ခ)လင္းလင္း(၂၀)ႏွစ္ျဖစ္ၿပီး ၎လိုက္လံေရာင္းခ်ေနသည့္ ဒါရမ္း-၁၂၅ အနက္ေရာင္
ဆိုင္ကယ္ႏွင့္ ပတ္သက္၍ ပိုင္ဆိုင္ေၾကာင္း အေထာက္အထားတစ္စုံတစ္ရာျပသေျပာဆိုင္နိုင္ျခင္း
မရွိသျဖင့္ ေက်ာ္ကို(ခ)လင္းလင္း အား မေကြးနယ္ေျမရဲစခန္း(ပ)၈၂၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ
၃၈၀/က်င့္ ၅၄ ျဖင့္ အမွုဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
Unicode
ကာလတန်ဖိုးထက်လျှာ့၍ ဆိုင်ကယ်လိုက်လံရောင်းချနေသည့် မသင်္ကာဖွယ်သူအား
အမှုဖြင့် စစ်ဆေးလျက်ရှိ
မကွေး၊ စက်တင်ဘာ ၃၀
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီအချိန် မကွေးတိုင်းဒေသကြီး၊
တိုင်းရဲ အကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊
ရန်ဝေးရပ် ရှိ ကားကြီးဝန်း၌ မသင်္ကာဖွယ်သူတစ်ဦးမှ ဆိုင်ကယ်(၁)စီးအား ကာလတန်ဖိုးထက်လျှော့၍
လိုက်လံ ရောင်းချနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မကွေးမြို့၊ သရက်လေးပင်ကျေးရွာနေ
ကျော်ကို(ခ)လင်းလင်း(၂၀)နှစ်ဖြစ်ပြီး ၎င်းလိုက်လံရောင်းချနေသည့် ဒါရမ်း-၁၂၅ အနက်ရောင်
ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသပြောဆိုင်နိုင်ခြင်း
မရှိသဖြင့် ကျော်ကို(ခ)လင်းလင်း အား မကွေးနယ်မြေရဲစခန်း(ပ)၈၂၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ
၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
news on Saturday, September 30, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
Facebook.
We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.
We are nonprofits volunteers and we only retrieved this
news to support all communities from Myanmar who do not have luxuries Medias
and only have a phone in theirs hands.
Reference Link: https://www.facebook.com/magway.div.polmedia/
Retrieved Date: Sunday, October 1, 2017
No comments:
Post a Comment