Monday, September 18, 2017

WY စိတ်ကြွဆေးပြားအပါအ၀င် ICE ပုံဆောင်ခဲများနှင့်အတူ ဖမ်းဆီးရမိ




ကရင်ပြည်နယ်၊ စက်တင်ဘာ ၁၈၊၂၀၁၇

မူးယစ်ကွင်းဆက်အား ဖော်ထုတ်ဖမ်းဆီးရာမှ WY စိတ်ကြွဆေးပြားအပါအ၀င် ICE ပုံဆောင်ခဲများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း Thanlwin News Blog တွင် ယနေ့နေစွဲဖြင့် ဖေါ်ပြထားပါတယ်။


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု ကမ်းကြီးကျေးရွာတွင် မူးယစ်တပ်ဖွဲ့စု(၃၁)မှ ဦးစီးသည့် ပူးပေါင်းအဖွဲ့ဖြင့် မူးယစ်ဆေးဝါးရောင်းချသူအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၄နာရီကျော်အချိန်ခန့်၊ မူးယစ်တပ်ဖွဲ့စု(၃၁)မှ ဒုတိယရဲမှူး ထွန်းထွန်းဦး ဦးစီးအဖွဲ့သည် ဘားအံမြို့မရဲစခန်း မူးယစ်ဆေးဝါးအမှုမှ စစ်ဆေးပေါ်ပေါက်ချက်အရ ကွင်းဆက်ဖြစ်သူ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာနေ စောပန်းအေး၏ နေအိမ်အား သက်သေများနှင့် အတူ သွားရောက်ရှာဖွေရာမှ စောပန်းအေးအား WY စိတ်ကြွဆေးပြား (၃၆၈၉)ပြား၊ ICE အဖြူရောင်ပုံဆောင်ခဲ(၂၉)ဂရမ်ခန့်၊ မြန်မာငွေရောရာ နှစ်သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ စောပန်းအေးအား ဘားအံမြို့မရဲစခန်းတွင် မယ(ပ)၈၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)တို့ဖြင့် အမှုရေးဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Credit to မင်းသူ/ထွန်းထွန်းထွေး(ဘားအံ) (Thanlwin News Blog)
Reference Link: https://thanlwinnews.com/archives/835

Retrieved Date: 18/09/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...