Wednesday, September 20, 2017




မန္တလေး၊ စက်တင်ဘာ ၂၀

နှစ်လုံးချဲထီလောင်းကစားနေသူ အရေးယူ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ယနေ့နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

ဖေါ်ပြချက် အပြည့်အစုံမှာ ----

Unicode
နှစ်လုံးချဲထီလောင်းကစားနေသူ အရေးယူ
မန္တလေး၊ စက်တင်ဘာ ၂၀
၁၉-၉-၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ အချိန် မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မိုးကုတ်မြို့၊ မင်းတံတားရပ်နေ တင်စိုး ၆၀ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တင်စိုးအား နှစ်လုံး/ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက် စာတမ်း ပစ္စည်းများ၊ လောင်းကြေးငွေ ၇၀၀၀၀ ကျပ်နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် တင်စိုးအား မိုးကုတ်မြို့မရဲစခန်း (ပ)၁၃၂/၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Full Credit to Mandalay Police Facebook
Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 20/09/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...