ဘားအံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ခဲ့ကြောင်း Thanlwin News Blog တွင်
ယနေ့နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
ဖေါ်ပြချက် အပြည့်အစုံမှာ ----
စက်တင်ဘာ ၁၆ ရက်နေ့ ၀၁၀၀ အချိန် မူးယစ်တပ်ဖွဲ့စု(၃၁)ဘားအံမှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘားအံမြို့နယ်၊ သံလွင်တံတား အသုံးပြုခကောက်ခံရေးဂိတ်အနီးတွင်
စောအောင်ကျော်ကျော် မောင်းနှင်ပြီး မောင်သာ လိုက်ပါလာသည့် မော်တော်ယာဉ်အားရှာဖွေရာ
စိတ်ကြွရူးသွပ်ဆေးပြား ၄၉၁ ပြား နှင့် လက်ကိုင်ဖုန်း နှစ်လုံး တို့ကိုလည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ
၀၄၁၀ အချိန် စောပန်းအေး နေထိုင်သည့် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအပြင်ရှိ
ရာဘာခြံအားရှာဖွေရာ ရာဘာခြံအတွင်းရှိ ယာယီမိုးကာတဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၈၉
ပြား၊ အိုက်စ် သုည ဒသမ ၀၂၉ ကီလို တို့ကိုလည်းကောင်း၊ ၀၄၅၀ အချိန် မုက္ကဒိကျေးရွာအုပ်စု၊
ကမ်းကြီးကျေးရွာရှိ စောပန်းအေး၏ နေအိမ်ကိုရှာဖွေရာ လက်ကိုင်ဖုန်း နှစ်လုံး နှင့် ငွေကျပ်
နှစ်သိန်း တို့ကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စောအောင်ကျော်ကျော်(ခ) အောင်မြတ်ငြိမ်း
(၂၉)နှစ်၊ မောင်သာ(ခ)ကိုသာ (၄၃)နှစ် နှင့် စောပန်းအေး(၅၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ
အရေးယူထားကြောင်း သတင်းရရှိသည်။
Credit to ရဲဇာနည် (Thanlwin
News)
Reference Link: https://thanlwinnews.com/archives/843
Retrieved Date: 18/09/2017

No comments:
Post a Comment