မႏၲေလး၊ စက္တင္ဘာ ၁၇
မူးယစ္သတင္းအရ ဆုိင္ကယ္ျဖင့္ေရာက္ရိွလာသူမ်ားအား စစ္ေဆးရာ
ေဘာင္းဘီအိတ္ကပ္အတြင္းမွ မူးယစ္ေဆး၀ါးမ်ားသိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ယေန့ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
၁၆-၉-၂၀၁၇ ရက္ေန႔ ည ၇ နာရီအခ်ိန္ ျပင္ဦးလြင္ခရုိင္မႈခင္းႏိွမ္နင္းေရးဌာနစိတ္မွ
တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ မူးယစ္သတင္းအရ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရပ္ကြက္ႀကီး(၉)ရိွ
စားေသာက္ဆုိင္သုိ႔ ၁၇ယ/xxxxx Cyclone-110 ဆုိင္ကယ္ျဖင့္ေရာက္ရိွလာသူ
စုိင္းေအာင္မိန္း ၂၀ ႏွစ္၊ ေနာင္ပိန္ရြာ၊ ေနာင္ခ်ိဳၿမိဳ႕နယ္ေနသူႏွင့္ တစ္ရြာတည္းေန
ေအာင္ၿဖိဳးဟိန္း ၂၀ ႏွစ္၊ တုိ႔အား စစ္ေဆးရာ စုိင္းေအာင္မိန္း ၀တ္ဆင္ထားေသာ ေဘာင္းဘီယာဘက္အိတ္ကပ္အတြင္းမွ
အျပာေရာင္ ပလပ္စတစ္ကပ္ခြာအိတ္ျဖင့္ ထည့္လ်က္ 88/1 စာတမ္းပါပန္းေရာင္စိတ္ၾကြရူးသြပ္
ေဆးျပား ၁၉၀ ျပား၊ အေလးခ်ိန ၁၉ ဂရမ္(တန္ဖုိး ၇၆၀၀၀၀ က်ပ္ခန္႔)အား သိမ္းဆည္းရမိသျဖင့္
ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာဥပေဒ
အရ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရိွသည္။
Full Credit to Mandalay Police Facebook
References
Link: https://www.facebook.com/pg/mandalaypolice/posts/?ref=page_internal
Unicode
မူးယစ်သတင်းအရ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူများအား
စစ်ဆေးရာ ဘောင်းဘီအိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ စက်တင်ဘာ ၁၇
၁၆-၉-၂၀၁၇ ရက်နေ့ ည ၇ နာရီအချိန်
ပြင်ဦလွင်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
မူးယစ်သတင်းအရ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)ရှိ မေလွင်ဦးစားသောက်ဆိုင် သို့
၁၇ယ/××××× Cyclone-110 ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ စိုင်းအောင်မိန်း ၂၀ နှစ်၊
နောင်ပိန်ရွာ၊ နောင်ချိုမြို့နယ်နေသူနှင့် တစ်ရွာတည်းနေ အောင်ဖြိုးဟိန်း ၂၀ နှစ်၊
တို့အား စစ်ဆေးရာ စိုင်းအောင်မိန်း ဝတ်ဆင်ထားသော ဘောင်းဘီယာဘက်အိတ်ကပ်အတွင်းမှ
အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် 88/1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်
ဆေးပြား ၁၉၀ ပြား၊ အလေးချိန ၁၉ ဂရမ်(တန်ဖိုး ၇၆၀၀၀၀ ကျပ်ခန့်)အား သိမ်းဆည်းရမိသဖြင့်
ပြင်ဦးလွင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Full Credit to Mandalay Police Facebook
References
Link: https://www.facebook.com/pg/mandalaypolice/posts/?ref=page_internal
No comments:
Post a Comment