Sunday, September 17, 2017

မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန္႔တြင္ ယာဥ္တိုက္မႈျဖစ္ပြားသျဖင့္ ႏွစ္ဦးေသ၊ သုံးဦးဒဏ္ရာရ



ရန္ကုန္၊ စက္တင္ဘာ ၁၇

မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန္႔တြင္ ယာဥ္တိုက္မႈျဖစ္ပြားသျဖင့္ ႏွစ္ဦးေသ၊ သုံးဦးဒဏ္ရာရ ခဲ့ေၾကာင္း Yangon Police Facebook စာမ်က္တြင္ ယေန့ေနစြဲျဖင့္ ေဖၚျပထားပါတယ္။

ေဖၚျပခ်က္ အျပည့္အစုံမွာ ----
စက္တင္ဘာ ၁၆ ရက္ေန႔ ညေန ၅ နာရီ အခ်ိန္ခန္႔တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ျပည္လမ္းအတိုင္း ေထာက္ၾကန္႔ဘက္ မွ အင္းစိန္ဘက္သို႔ ယာဥ္ေမာင္း  (စုံစမ္းဆဲ) ေမာင္းႏွင္လာေသာ 7A/2852 Hilux အျဖဴေရာင္ ရွမ္းစုမွတ္တိုင္အေရာက္ အရွိန္မထိန္းဘဲ တစ္ဘက္ယာဥ္ေၾကာသို႔ေရာက္ရွိကာ လမ္းေဘး၌ရပ္ေနသူ မဂၤလာဒုံၿမိဳ႕နယ္ေန ေဒၚ------ႏွင့္ေဒၚ-----တို႔အားတိုက္မိခ့ဲၿပီး လမ္းေဘးတြင္ဖြင့္လွစ္ထားသည့္ ကြမ္းယာဆိုင္အား ထပ္မံတိုက္မိခ့ဲပါသည္။ ယာဥ္တိုက္မႈေၾကာင့္ ေဒၚ-----ႏွင့္ေဒၚ-----တို႔မွာ ျပင္းထန္ဒဏ္ရာမ်ားရရွိ ခ့ဲသျဖင့္ အင္းစိန္ေဆးရုံသို႔ တင္ပို႔ကုသစဥ္ ေသဆုံးသြားခ့ဲေၾကာင္းႏွင့္ ၎ယာဥ္ေပၚပါ အမ်ိဳးသားတစ္ဦးမွာလဲ ဒဏ္ရာမ်ားရရွိခ့ဲသျဖင့္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရွိရပါသည္။

ယင္းသို႔ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ 7A/2852 ဟိုင္လပ္ အျဖဴေရာင္ ယာဥ္ေမာင္းျဖစ္သူ(စုံစမ္းဆဲ)အား ေထာက္ၾကန္႔နယ္ေျမရဲစခန္း ယာဥ္(ပ) ၆၄/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးရမိေရး စုံစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Credit to Yangon Police Facebook
Reference Link: https://www.facebook.com/pg/yangonpolice/posts/?ref=page_internal
Retrieved Date: 17/09/2017

(Unicode)
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၁၇
စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း ထောက်ကြန့်ဘက် မှ အင်းစိန်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော 7A/2852 Hilux အဖြူရောင် ရှမ်းစုမှတ်တိုင်အရောက် အရှိန်မထိန်းဘဲ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ လမ်းဘေး၌ရပ်နေသူ မင်္ဂလာဒုံမြို့နယ်နေ ဒေါ်------နှင့်ဒေါ်-----တို့အားတိုက်မိခဲ့ပြီး လမ်းဘေးတွင်ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်အား ထပ်မံတိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်-----နှင့်ဒေါ်-----တို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးမှာလဲ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ 7A/2852 ဟိုင်လပ် အဖြူရောင် ယာဉ်မောင်းဖြစ်သူ(စုံစမ်းဆဲ)အား ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ) ၆၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit to Yangon Police Facebook
Reference Link: https://www.facebook.com/pg/yangonpolice/posts/?ref=page_internal

Retrieved Date: 17/09/2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...