Sunday, September 17, 2017

ေနအိမ္မ်ားအတြင္ တပ္ဆင္ထားသည့္ ေရေမာ္တာမ်ား လုိက္လံခုိးယူသူအား အေရးယူ




မႏၲလး၊ စက္တင္ဘာ ၁၇
ေနအိမ္မ်ားအတြင္ တပ္ဆင္ထားသည့္ ေရေမာ္တာမ်ား လုိက္လံခုိးယူသူအား အေရးယူ ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္ ယေန့ေနစြဲျဖင့္  ေဖၚျပထားပါတယ္။
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
၁၅-၉-၂၀၁၇ ရက္ေန႔ညေန ၆ နာရီအခ်ိန္ ေအာင္ပင္လယ္နယ္ေျမရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း သတင္းစံုစမ္းစဥ္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ကြက္၊ ၅၈ လမ္း၊ ႏွင္းဆီလမ္းႏွင့္ စကား၀ါလမ္းၾကားတြင္ မသကၤာေတြ႕ရိွသူ ေဇာ္ေဇာ္ေအာင္ ၂၈ ႏွစ္၊ ဗ-၂၉(က်ဴး)၊ကန္သာယာရပ္ကြက္ေနသူႏွင့္ တစ္ရပ္ကြက္တည္းေန ေက်ာ္မ်ိဳး ၁၇ ႏွစ္တုိ႔အား စစ္ေမးရာ ၎တုိ႔သည္ လြန္ခဲ့ေသာ(၂) လခန္႔က ၅၈ လမ္းႏွင့္မေနာ္ဟရီလမ္းေထာင့္ရိွ 777 စားေသာက္ဆုိင္တြင္ တပ္ဆင္ထားေသာ ေရေမာ္တာ ၁ လံုးအားလည္းေကာင္း၊ ၎တုိ႔သည္ လြန္ခဲ့ေသာ(၁)လခန္႔က ကန္သာယာရပ္ကြက္၊ ၅၆x၅၇ လမ္းၾကားရိွ ေနအိမ္တစ္အိမ္တြင္ တပ္ဆင္ထားေသာ ေရေမာ္တာ ၁ လံုးအားလည္းေကာင္း ခုိးယူခဲ့ေၾကာင္းသိရိွရသျဖင့္ သက္ေသခံ ပစၥည္းအားသိမ္းဆည္း၍ ေအာင္ပင္လယ္ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။

Full Credit to Mandalay Police Facebook
References Link: https://www.facebook.com/pg/mandalaypolice/posts/?ref=page_internal

Unicode
နေအိမ်များအတွင် တပ်ဆင်ထားသည့် ရေမော်တာများ လိုက်လံခိုးယူသူအား အရေးယူ
မန္တလေး၊ စက်တင်ဘာ ၁၇
၁၅-၉-၂၀၁၇ ရက်နေ့ ညနေ ၆ နာရီအချိန် အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းစဉ် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာ ရပ်ကွက်၊ ၅၈ လမ်း၊ နှင်းဆီလမ်းနှင့် စကားဝါလမ်းကြားတွင် မသင်္ကာတွေ့ရှိသူ ဇော်ဇော်အောင် ၂၈ နှစ်၊ ဗ-၂၉(ကျူး)၊ကန်သာယာရပ်ကွက်နေသူနှင့် တစ်ရပ်ကွက်တည်းနေ ကျော်မျိုး ၁၇ နှစ်တို့အား စစ်မေးရာ ၎င်းတို့သည် လွန်ခဲ့သော(၂) လခန့်က ၅၈ လမ်းနှင့်မနော်ဟရီလမ်းထောင့်ရှိ 777 စားသောက်ဆိုင်တွင် တပ်ဆင်ထားသော ရေမော်တာ ၁ လုံးအားလည်းကောင်း၊ ၎င်းတို့ သည် လွန်ခဲ့သော(၁)လခန့်က ကန်သာယာရပ်ကွက်၊ ၅၆x၅၇ လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် တပ်ဆင်ထားသော ရေမော်တာ ၁ လုံးအားလည်းကောင်း ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် သက်သေခံ ပစ္စည်းအားသိမ်းဆည်း၍ အောင်ပင်လယ်နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Full Credit to Mandalay Police Facebook

References Link: https://www.facebook.com/pg/mandalaypolice/posts/?ref=page_internal

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...