Tuesday, September 12, 2017

ဆိုင္ကယ္သူခိုးအား အေရးယူထား




မေကြး၊ စက္တင္ဘာ ၁၁၊ ၂၀၁၇

ဆိုင္ကယ္သူခိုးအား အေရးယူထား ခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ေဖၚျပထား
ေဖၚျပခ်က္ အျပည့္အစုံမွာ -----
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္ေန႔ ည ၉ နာရီ ၅၀ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္၊ နန္းဦးေက်းရြာေန ေဒၚႏြဲ႕စီ(၄၈)ႏွစ္သည္ ေနအိမ္ေရွ႕ဝရံတာေအာက္တြင္ ရပ္ထားေသာ ၎ပိုင္ ၃၇ယ/×××× DAYANG-125 အနက္ေရာင္ဆိုင္ကယ္မွာ မေတြ႕ရွိေတာ့ဘဲ ေပ်ာက္ဆုံး ေနသည္ကို သိရွိရေသာေၾကာင့္ အနီးရွိေက်းရြာေနျပည္သူမ်ားအား အကူညီေတာင္းၿပီးလိုက္လံရွာေဖြ ခဲ့ရာ ရြာလယ္လမ္းမ၌ ဂြေက်းရြာေန ဇင္ေမာင္ေထြး(၃၂)ႏွစ္သည္ သက္ေသခံဆိုင္ကယ္အား တြန္းယူ ေနသည္ကို ေတြ႕ရွိဖမ္းဆီးရမိခဲ့သျဖင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ ဇင္ေမာင္ေထြး အား မင္းဘူးၿမိဳ႕မရဲစခန္း (ပ)၁၉၉၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ ျဖင့္ အမွုဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

Credit to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
References Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal

Unicode
ဆိုင်ကယ်သူခိုးအား အရေးယူထား
မကွေး၊ စက်တင်ဘာ ၁၁

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ နန်းဦးကျေးရွာနေ ဒေါ်နွဲ့စီ(၄၈)နှစ်သည် နေအိမ်ရှေ့ဝရံတာအောက်တွင် ရပ်ထားသော ၎င်းပိုင် ၃၇ယ/×××× DAYANG-125 အနက်ရောင်ဆိုင်ကယ်မှာ မတွေ့ရှိတော့ဘဲ ပျောက်ဆုံး နေသည်ကို သိရှိရသောကြောင့် အနီးရှိကျေးရွာနေပြည်သူများအား အကူညီတောင်းပြီးလိုက်လံရှာဖွေ ခဲ့ရာ ရွာလယ်လမ်းမ၌ ဂွကျေးရွာနေ ဇင်မောင်ထွေး(၃၂)နှစ်သည် သက်သေခံဆိုင်ကယ်အား တွန်းယူ နေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ ဇင်မောင်ထွေး အား မင်းဘူးမြို့မရဲစခန်း (ပ)၁၉၉၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...