မေကြး၊ စက္တင္ဘာ ၁၁၊ ၂၀၁၇
အရွိန္မထိန္းနိုင္ေသာယာဥ္မွ လမ္းေလၽွာက္ေနသူအား
ဝင္ေရာက္တိုက္မိသျဖင့္ လူေသဆုံးမွုျဖစ္ပြား ခဲ့ေၾကာင္း
မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ေဖၚျပထား
ေဖၚျပခ်က္ အျပည့္အစုံမွာ -----
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္ေန႔ ည ၈ နာရီ ၁၀
မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊
ပခုကၠဴ-ေပါက္ကားလမ္းမိုင္တိုင္အမွတ္(၁၇/၁-၂)ၾကားတြင္ ယာဥ္တိုက္မွုျဖစ္ပြားေၾကာင္း
သတင္းအရ ကမၼနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သြားေရာက္စစ္ေဆးခဲ့ရာ ေပါက္ၿမိဳ႕နယ္၊
ငမို႔ေလး ေက်းရြာေန ေမာင္ေက်ာ္(၄၇)ႏွစ္ေမာင္းႏွင္လာေသာ ၄ခ/××××
HINO TE 21 TRUCK အစိမ္းေရာင္ ယာဥ္သည္ အခင္းျဖစ္ေနရာအေရာက္
အရွိန္မထိန္းနိုင္ဘဲ လားရာတူေရွ႕မွ လမ္းေလၽွာက္ေနသူ ပခုကၠဴၿမိဳ႕နယ္၊ ရြာသာေအးရြာေန
ဦးဘေဆာင္(၈၅)ႏွစ္အား ဝင္ေရာက္တိုက္မိေသာေၾကာင့္ ဦးဘေဆာင္ တြင္ ဒဏ္ရာမ်ားရရွိကာ
အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးသြားသျဖင့္ ယာဥ္မဆင္မျခင္ ေမာင္းႏွင္သူ ေမာင္ေက်ာ္ အား
ကမၼနယ္ေျမရဲစခန္း ယာဥ္(ပ)၁၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္ အေရးယူထားေၾကာင္း
သတင္းရရွိသည္။
Credit
to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
References
Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal
Unicode
အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းလျှောက်နေသူအား
ဝင်ရောက်တိုက်မိသဖြင့် လူသေဆုံးမှုဖြစ်ပွား
မကွေး၊ စက်တင်ဘာ ၁၁
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၁၀
မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊
ပခုက္ကူ-ပေါက်ကားလမ်းမိုင်တိုင်အမှတ်(၁၇/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း
သတင်းအရ ကမ္မနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေးခဲ့ရာ
ပေါက်မြို့နယ်၊ ငမို့လေး ကျေးရွာနေ မောင်ကျော်(၄၇)နှစ်မောင်းနှင်လာသော ၄ခ/××××
HINO TE 21 TRUCK အစိမ်းရောင် ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ
လားရာတူရှေ့မှ လမ်းလျှောက်နေသူ ပခုက္ကူမြို့နယ်၊ ရွာသာအေးရွာနေ ဦးဘဆောင်(၈၅)နှစ်အား
ဝင်ရောက်တိုက်မိသောကြောင့် ဦးဘဆောင် တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင်
သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်ကျော် အား ကမ္မနယ်မြေရဲစခန်း
ယာဉ်(ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
Credit
to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
References
Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal
No comments:
Post a Comment