Friday, September 15, 2017

၁၀ နှစ် သမီးအား အဓမ္မပြုကျင်ရန် ကြံစည်သည့် ပထွေးကို ဖမ်းဆီးအမှုဖွင့် အရေးယူထား




စက်တင်ဘာ ၁၅၊ ၂၀၁၇

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်မှာ ၁၀ နှစ်အရွယ် သမီးအား သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့ ပထွေးဖြစ်သူကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။

အင်းလေးမြိုင်ရပ်၊ နှင်းဆီလမ်းမှာ နေထိုင်တဲ့ အဘွားဖြစ်သူ ဒေါ်သန်းရီဟာ စက်တင်ဘာ ၉ ရက်နေ့၊ မနက် ၉ နာရီလောက်က နေအိမ်ကနေ ဆိပ်ငယ်ဈေးကြီးကို ဈေးဝယ်ဖို့ ထွက်ခွာသွားခဲ့ချိန်မှာ သားဖြစ်သူ အောင်နိုင်ဦးက မြေးဖြစ်တဲ့ မ — (၁၀) နှစ်ရဲ့ မိန်းမကိုယ်အားပွတ်သပ်ကာ သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် မ—(၁၀) နှစ်က ည ၈ နာရီလောက်မှာ အဘွားဖြစ်သူ ဒေါ်သန်းရီကို ဖြစ်စဉ်အသေးစိတ် ပြန်လည်ပြောကြားခဲ့တာလို့ သိရပါတယ်။

ကျူးလွန်တဲ့သူ အောင်နိုင်ဦးက မ—–(၁၀) နှစ်ရဲ့ ပထွေးဖြစ်တယ်၊ မ—–(၁၀) နှစ်ရဲ့ အမေနဲ့ ညားတဲ့အချိန်မှာ ကိုယ်ဝန်နဲ့ပါလာတာလေ၊ ခုလက်ရှိမှာ မ—–(၁၀) နှစ်ရဲ့ အမေနဲ့ ကွဲနေတယ်။ ဒေါ်သန်းရီရဲ့အိမ်မှာပဲ နေကြတယ်။ ကျူးလွန်တဲ့အချိန်က အောင်နိုင်ဦးက အရက်သေစာသောက်စားထားတယ်၊ ဒါကြောင့်လည်း ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ရဲအုပ် လှမျိုးဝေက ပြောပါတယ်။

မြေးဖြစ်သူ မ—–အား သားမယားအဖြစ် ပြုကျင့်ဖို့ ကြံစည်အားထုတ်ခဲ့သူ အောင်နိုင်ဦးကို အရေးယူပေးဖို့ ဒေါ်သန်းရီက တရားလိုပြုတိုင်တန်းလို့ မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Credit to: မြတ်ထွဋ် (မြိတ်) ဒီဗွီဘီ
References Link: http://burmese.dvb.no/archives/228910

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...