Tuesday, September 26, 2017

မသကၤာေတြ႕ရိွသူမ်ားအားစစ္ေမးရာ ခုိးမႈမ်ားေပၚေပါက္




မသကၤာေတြ႕ရိွသူမ်ားအားစစ္ေမးရာ ခုိးမႈမ်ားေပၚေပါက္ ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္ ယေန့ေနစြဲျဖင့္  ေဖၚျပထားပါတယ္။

၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မႏၲေလး၊ စက္တင္ဘာ ၂၆

၂၅-၉-၂၀၁၇ ရက္ေန႔ နံနက္ ၇ နာရီခဲြအခ်ိန္ မုိးကုတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမလွည့္ကင္း ေဆာင္ရြက္ေနစဥ္ အံုးကုိင္းရပ္လမ္းတြင္ ေရလာေအး ၂၈ ႏွစ္၊ အင္းေခ်ာက္ရြာ၊ မုိးကုတ္ၿမိဳ႕နယ္ေနသူအား နံပါတ္မပါေလာ့ဂ်ား-၁၁၀အစိမ္းေရာင္ဆုိင္ကယ္ ႏွင့္အတူ မသကၤာေတြ႕ရိွစစ္ေမးရာ အဆုိပါဆုိင္ကယ္အား ၎ပုိင္ဆုိင္ေၾကာင္း အေထာက္အထား တစ္စံုတစ္ရာျပသေျပာဆုိနုိင္ျခင္းမရိွသျဖင့္ သက္ေသခံဆုိင္ကယ္အား သိမ္းဆည္းၿပီး ေရလာေအး အား မုိးကုတ္ၿမိဳ႕မရဲစခန္း (ပ)၁၃၄/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/ ၅၄ အရလည္းေကာင္း၊ ညေန ၅ နာရီအခ်ိန္ တုိင္းရဲအကူတပ္ဖဲြ႕ခဲြမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း သတင္းစံုစမ္းေနစဥ္ ၄၉ လမ္း၊ မေကြးေက်ာင္းတုိက္ေရွ႕အနီး တြင္ခုိးမႈမ်ားက်ဴးလြန္ေလ့ရိွေၾကာင္း သတင္းရရိွထားသူ ငမုိး(ခ) တီပြား ၁၉ ႏွစ္၊ ပတၱျမားရပ္၊ ကသာၿမိဳ႕ေနသူအား ေဘးလြယ္အိတ္ႏွင့္ အတူမသကၤာေတြ႕ရိွ၍ သက္ေသမ်ားေရွ႕ေခၚေဆာင္စစ္ေဆးရာ နံနက္ ၃ နာရီအခ်ိန္ခန္႔က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၅x၆၆ လမ္းၾကား၊ သခင္ဖုိးလွႀကီးလမ္းေဘးရပ္ထားသည့္ Light Truck ယာဥ္ေပၚတြင္အိပ္ ေပ်ာ္ေနသည့္အမ်ိဳးသား၏ေဘးမွ Samsung လက္ကုိင္ဖုန္းအား ခုိးယူခဲ့ေၾကာင္း ေပၚေပါက္၍ ၎လြယ္အိတ္အားစစ္ေဆးရာ Samsung ဖုန္း ၁ လံုး၊ SIM ကဒ္မ်ိဳးစံု ၁၂ ခု၊ မမ္မုိရီကဒ္ ၃ ခု တုိ႔အား ေတြ႕ရိွသိမ္းဆည္းရမိသျဖင့္ ငမုိး(ခ)တီပြားအား စက္မႈနယ္ေျမရဲစခန္း (ပ)၃၀/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄ အရလည္းေကာင္း၊ ညေန ၇ နာရီခြဲအခ်ိန္ မႏၲေလးခရုိင္မႈခင္းႏိွမ္နင္းေရးဌာနစိတ္မွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ခ်မ္းျမသာစည္ ၿမိဳ႕နယ္အတြင္း ခုိး/ဆုိး/လု/ႏိႈက္သတင္းစံုစမ္းေနစဥ္ မေနာ္ဟရီလမ္း၊ ၆၆x၆၇ လမ္းၾကားတြင္ လက္ကုိင္ဖုန္းခုိးမႈက်ဴးလြန္ထားသည္ ဟုသတင္းရရိွထားသူ ၿဖိဳးမင္းထြန္း(ခ)ေပါက္ႀကီး(ခ) စာကေလး (ခ)ပိန္ေညာင္ ၂၅ ႏွစ္၊ ေဒး၀န္းအေရွ႕ရပ္ကြက္၊ ပဲပုပ္တန္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ေန သူအား VIVO အျဖဴေရာင္လက္ကုိင္ဖုန္း ၁ လံုးႏွင့္အတူ မသကၤာေတြ႕ရိွစစ္ေမးရာ အဆုိပါဖုန္းအား ညေန ၄ နာရီခ်ိန္ခန္႔က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ လမ္း ၆၀၊ မေနာ္ဟရီလမ္းႏွင့္ ေသာကလမ္းၾကားရိွ ဆုိင္ကယ္၀ပ္ေရွာ့ဆုိင္အတြင္းရိွ ပစၥည္းတင္သည့္ခံုေပၚမွခုိးယူခဲ့ ျခင္းျဖစ္ေၾကာင္းသိရိွရ၍ သက္ေသခံဖုန္းအားသိမ္းဆည္းၿပီး ၿဖိဳးမင္းထြန္း(ခ) ေပါက္ႀကီး(ခ)စာကေလး(ခ)ပိန္ေညာင္အား အမွတ္(၁၁)နယ္ေျမရဲစခန္း (ပ)၄၆၇/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄အရလည္းေကာင္း အသီးသီးအမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။

Unicode
မသင်္ကာတွေ့ရှိသူများအားစစ်မေးရာ ခိုးမှုများပေါ်ပေါက်

မန္တလေး၊ စက်တင်ဘာ ၂၆

၂၅-၉-၂၀၁၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အုံးကိုင်းရပ်လမ်းတွင် ရေလာအေး ၂၈ နှစ်၊ အင်းချောက်ရွာ၊ မိုးကုတ်မြို့နယ်နေသူအား နံပါတ်မပါလော့ဂျား-၁၁၀အစိမ်းရောင်ဆိုင်ကယ် နှင့်အတူ မသင်္ကာတွေ့ရှိစစ်မေးရာ အဆိုပါဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ရေလာအေး အား မိုးကုတ်မြို့မရဲစခန်း (ပ)၁၃၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ၅၄ အရလည်းကောင်း၊ ညနေ ၅ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ၄၉ လမ်း၊ မကွေးကျောင်းတိုက်ရှေ့အနီး တွင်ခိုးမှုများကျူးလွန်လေ့ရှိကြောင်း သတင်းရရှိထားသူ ငမိုး(ခ) တီပွား ၁၉ နှစ်၊ ပတ္တမြားရပ်၊ ကသာမြို့နေသူအား ဘေးလွယ်အိတ်နှင့် အတူမသင်္ကာတွေ့ရှိ၍ သက်သေများရှေ့ခေါ်ဆောင်စစ်ဆေးရာ နံနက် ၃ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၅x၆၆ လမ်းကြား၊ သခင်ဖိုးလှ ကြီးလမ်းဘေးရပ်ထားသည့် Light Truck ယာဉ်ပေါ်တွင်အိပ် ပျော်နေသည့်အမျိုးသား၏ဘေးမှ Samsungလက်ကိုင်ဖုန်းအား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်၍ ၎င်းလွယ်အိတ်အားစစ်ဆေးရာ Samsung ဖုန်း ၁ လုံး၊ SIM ကဒ်မျိုးစုံ ၁၂ ခု၊ မမ်မိုရီကဒ် ၃ ခု တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ငမိုး(ခ)တီပွားအား စက်မှုနယ်မြေရဲစခန်း (ပ)၃၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ညနေ ၇ နာရီခွဲအချိန် မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ချမ်းမြသာစည် မြို့နယ်အတွင်း ခိုး/ဆိုး/လု/နှိုက်သတင်းစုံစမ်းနေစဉ် မနော်ဟရီလမ်း၊ ၆၆x၆၇ လမ်းကြားတွင် လက်ကိုင်ဖုန်းခိုးမှုကျူးလွန်ထားသည် ဟုသတင်းရရှိထားသူ ဖြိုးမင်းထွန်း(ခ)ပေါက်ကြီး(ခ) စာကလေး (ခ)ပိန်ညောင် ၂၅ နှစ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ပဲပုပ်တန်း၊ မဟာအောင်မြေမြို့နယ်နေ သူအား VIVO အဖြူရောင်လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ မသင်္ကာတွေ့ရှိစစ်မေးရာ အဆိုပါဖုန်းအား ညနေ ၄ နာရီချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀၊ မနော်ဟရီလမ်းနှင့် သောကလမ်းကြားရှိ ဆိုင်ကယ်ဝပ်ရှော့ဆိုင်အတွင်းရှိ ပစ္စည်းတင်သည့်ခုံပေါ်မှခိုးယူခဲ့ ခြင်းဖြစ်ကြောင်းသိရှိရ၍ သက်သေခံဖုန်းအားသိမ်းဆည်းပြီး ဖြိုးမင်းထွန်း(ခ) ပေါက်ကြီး(ခ)စာကလေး(ခ)ပိန်ညောင်အား အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၄၆၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


This article first appears in Mandalay Police news on Monday, September 26, 2017 of Mandalay Police Facebook.

We acknowledged © of Mandalay Police and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕. Retrieved this news by True News to support all communities who do not have luxuries Medias and only have a phone in theirs hands. 

Reference Link: https://www.facebook.com/mandalaypolice/posts/955023714637385

Retrieved Date: 26/09/2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...