ဆိုင္ကယ္သူခိုးမ်ားအား
အမွုဖြင့္အေရးယူထား ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္
စက္တင္ဘာ ၂၅ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မေကြး၊
စက္တင္ဘာ ၂၅
၂၀၁၇
ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္အခ်ိန္ မေကြးတိုင္း ေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္၊
ေဂြးပင္နယ္ေျမရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္းသတင္းစုံစမ္းေနစဥ္
သတင္းရရွိထားသည့္ ေညာင္ပင္စမ္းေက်းရြာေန စိုးသူ(၂၀) ႏွစ္၏ ေနအိမ္အားသြားေရာက္ရွာေဖြရာ
ဒါယန္း-၁၂၅ ဆိုင္ကယ္တစ္စီးႏွင့္ နယူးေဇာင္ခ်မ္း-၁၂၅ ဆိုင္ကယ္ႏွစ္စီးတို႔အား ေသာ့အုံမ်ားလဲထားသည္ကိုေတြ႕ရွိသျဖင့္
စစ္ေဆးရာ တစ္ရြာတည္းေန ေယာက္ဖျဖစ္သူ မိုးမင္း(၁၉)ႏွစ္ႏွင့္အတူ မင္းဘူးၿမိဳ႕ရွိ ေနအိမ္တစ္အိမ္အတြင္းမွ
အဆိုပါဆိုင္ကယ္ ႏွစ္စီးအား ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေသာေၾကာင့္
စိုးသူႏွင့္ မိုးမင္းတို႔အား ေဂြးပင္နယ္ေျမရဲစခန္း(ပ)၃၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္
၅၄ ျဖင့္ အမွုဖြင့္အေရးယူ ထားေၾကာင္း သတင္းရရွိသည္။
Unicode
ဆိုင်ကယ်သူခိုးများအား
အမှုဖွင့်အရေးယူထား
မကွေး၊ စက်တင်ဘာ
၂၅
၂၀၁၇ ခုနှစ်၊
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊
ဂွေးပင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းနေစဉ်
သတင်းရရှိထားသည့် ညောင်ပင်စမ်းကျေးရွာနေ စိုးသူ(၂၀) နှစ်၏ နေအိမ်အားသွားရောက်ရှာဖွေရာ
ဒါယန်း-၁၂၅ ဆိုင်ကယ်တစ်စီးနှင့် နယူးဇောင်ချမ်း-၁၂၅ ဆိုင်ကယ်နှစ်စီးတို့အား သော့အုံများလဲထားသည်ကိုတွေ့ရှိသဖြင့်
စစ်ဆေးရာ တစ်ရွာတည်းနေ ယောက်ဖဖြစ်သူ မိုးမင်း(၁၉)နှစ်နှင့်အတူ မင်းဘူးမြို့ရှိ နေအိမ်တစ်အိမ်အတွင်းမှ
အဆိုပါဆိုင်ကယ် နှစ်စီးအား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်
စိုးသူနှင့် မိုးမင်းတို့အား ဂွေးပင်နယ်မြေရဲစခန်း(ပ)၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်
၅၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
This
article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news
on Monday, September 25, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.
We
acknowledged © မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full
credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Retrieved
these to you by True News to support all communities who do not have luxuries
Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal
Retrieved
Date: Monday, September 26, 2017
No comments:
Post a Comment