မကျေမနပ်ဖြစ်ကာ မိန်းမဖြစ်သူက ဓားမဖြင့်ခုတ်၍ ခင်ပွန်းဖြစ်သူသေဆုံး ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
Facebook စာမျက်နှာ တွင် စက်တင်ဘာ ၂၆ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏
ဖေါ်ပြချက် အပြည့်အစုံမှာ ----
မကွေး၊
စက်တင်ဘာ ၂၆
၂၀၁၇
Unicode
လင်မယားချင်းစကားများခဲ့သည်ကို
မကျေမနပ်ဖြစ်ကာ မိန်းမဖြစ်သူက ဓားမဖြင့်ခုတ်၍ ခင်ပွန်းဖြစ်သူသေဆုံး
မကွေး၊ စက်တင်ဘာ
၂၆
၂၀၁၇ ခုနှစ်၊
စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊
ချိုင်စောက်ကျေးရွာတွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားကြောင်း
သတင်းအရ မြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ
အဆိုပါကျေးရွာနေ ဒေါ်ချိန်တင်(၅၅)နှစ်သည် ၎င်း၏ ခင်ပွန်း ဦးရွှေဌေး(၅၅)နှစ်နှင့် စကားများရန်ဖြစ်ခဲ့သည်ကို
မကျေမနပ်ဖြစ်၍ ဦးရွှေဌေး အား ဓားမဖြင့်ခုတ်ခဲ့သောကြောင့် ဦးခေါင်း ပြတ်ဒဏ်ရာများရရှိကာ
သေဆုံးသွားကြောင်း သိရှိရသဖြင့် ဒေါ်ချိန်တင် အား မြိုင်မြို့မရဲစခန်း (ပ)၅၃၇/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
This
article first appears in မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ news
on Wednesday, September 27, 2017 of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook.
We
acknowledged © of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ and thus
full credit given to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့.
We are non-profits
volunteers and we only retrieved this news to support all communities who do
not have luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/magway.div.polmedia/
Retrieved
Date: Wednesday, September 27, 2017
No comments:
Post a Comment