Tuesday, September 26, 2017

ကြာရွင္းထားသည့္ ခင္ပြန္းမွ ဇနီးႏွင့္ ေယာကၡမတို႔အား ဓားျဖင့္ခုတ္မွုျဖစ္ပြား




ကြာရွင္းထားသည့္ ခင္ပြန္းမွ ဇနီးႏွင့္ ေယာကၡမတို႔အား ဓားျဖင့္ခုတ္မွုျဖစ္ပြား ခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ စက္တင္ဘာ ၂၅ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မေကြး၊ စက္တင္ဘာ ၂၅

၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔ ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ လက္ပံခါးေက်းရြာေန ဦးအုန္းလွိုင္(၆၀)ႏွစ္သည္ ေနအိမ္ေခါင္းရင္းတဲ၌ ေျမးျဖစ္သူ ညီညီေအာင္(၉)ႏွစ္ႏွင့္အတူ အိပ္ေနစဥ္ ေနအိမ္ေပၚ၌အိပ္ေနသည့္ ဇနီးျဖစ္သူ ေဒၚခင္လွိုင္(၅၉)ႏွစ္ ႏွင့္ သမီးျဖစ္သူ မခိုင္(၃၃)ႏွစ္တို႔ထံမွ အကူအညီေတာင္းသံၾကားရသျဖင့္ သြားေရာက္ၾကည့္ရွုရာ လြန္ခဲ့ေသာ(၂)ႏွစ္ခန႔္က မခိုင္ႏွင့္သေဘာထားခ်င္းမတိုက္ဆိုင္၍ ကြာရွင္းခဲ့သည့္ တစ္ရြာတည္းေန စိုးေမာင္(၃၉)ႏွစ္မွ အရိုးအသြား(၁၉)လက္မခန႔္ရွိ ဓားဦးခၽြန္ဓားရွည္ျဖင့္ ဇနီးျဖစ္သူႏွင့္ သမီးျဖစ္သူ တို႔အား ထိုးခုတ္ေနသည္ကိုေတြ႕ရွိရကာ အနီးရွိလူမ်ားက ဝိုင္းဝန္းဆြဲမွသာ ရပ္သြားၿပီး ေဒၚခင္လွိုင္ ႏွင့္ မခိုင္တို႔တြင္ ဒဏ္ရာမ်ားအသီးသီးရရွိခဲ့ေသာေၾကာင့္ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ေဒၚခင္လွိုင္မွာ ေသဆုံးသြားသျဖင့္ စိုးေမာင္အား ေရနံမနယ္ေျမရဲစခန္း(ပ)၈၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/ ၃၂၄/၄၅၆ ျဖင့္ အမွုဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

Unicode
ကွာရှင်းထားသည့် ခင်ပွန်းမှ ဇနီးနှင့် ယောက္ခမတို့အား ဓားဖြင့်ခုတ်မှုဖြစ်ပွား
မကွေး စက်တင်ဘာ ၂၅
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ပံခါးကျေးရွာနေ ဦးအုန်းလှိုင်(၆၀)နှစ်သည် နေအိမ်ခေါင်းရင်းတဲ၌ မြေးဖြစ်သူ ညီညီအောင်(၉)နှစ်နှင့်အတူ အိပ်နေစဉ် နေအိမ်ပေါ်၌အိပ်နေသည့် ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်(၅၉)နှစ် နှင့် သမီးဖြစ်သူ မခိုင်(၃၃)နှစ်တို့ထံမှ အကူအညီတောင်းသံကြားရသဖြင့် သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော(၂)နှစ်ခန့်က မခိုင်နှင့်သဘောထားချင်းမတိုက်ဆိုင်၍ ကွာရှင်းခဲ့သည့် တစ်ရွာတည်းနေ စိုးမောင်(၃၉)နှစ်မှ အရိုးအသွား(၁၉)လက်မခန့်ရှိ ဓားဦးချွန်ဓားရှည်ဖြင့် ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ တို့အား ထိုးခုတ်နေသည်ကိုတွေ့ရှိရကာ အနီးရှိလူများက ဝိုင်းဝန်းဆွဲမှသာ ရပ်သွားပြီး ဒေါ်ခင်လှိုင် နှင့် မခိုင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဆေးရုံသို့ပို့ဆောင်စဉ် ဒေါ်ခင်လှိုင်မှာ သေဆုံးသွားသဖြင့် စိုးမောင်အား ရေနံမနယ်မြေရဲစခန်း(ပ)၈၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၄/၄၅၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news on Tuesday, September 26, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.

We acknowledged © မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕. Retrieved this to you by True News to support all communities who do not have luxuries Medias and only have a phone in theirs hands. 
Reference Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal

Retrieved Date: Tuesday, September 26, 2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...