မကွေး၊ စက်တင်ဘာ ၁၂၊ ၂၀၁၇
ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook
စာမျက်နှာ တွင်ဖေါ်ပြထား
ဖေါ်ပြချက် အပြည့်အစုံမှာ -----
Credit
to: မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
References
Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal
လယ်ရေမြောင်းပေါ်မှ စက်ဘီးနှင့်အတူ ပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား
မကွေး၊ စက်တင်ဘာ ၁၂
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်
မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာအနီးရှိ လယ်ရေမြောင်းအတွင်း၌
ရေနစ်သေဆုံးမှုဖြစ်ပွား ကြောင်း သတင်းအရ လယ်ကိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ချွန်းစုကျေးရွာနေ ဦးမြင့်ကျော်(၄၁)နှစ်ဖြစ်ပြီး
၎င်းသည် ပေါက်စုကျေးရွာ ဘက်မှ ချွန်းစုကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း စက်ဘီးနင်း၍
ပြန်လာစဉ် လက်တံအမှတ်(၁၄)ရေမြောင်းမှ သွယ်ယူထားသော လယ်ရေမြောင်းအတွင်းသို့ စက်ဘီးနှင့်အတူ
ပြုတ်ကျ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လယ်ကိုင်းနယ်မြေရဲစခန်း၌ သေမှု
သေခင်း အမှတ်စဉ်(၄/၂၀၁၇)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit to: မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
References Link:
https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal
No comments:
Post a Comment