Saturday, September 16, 2017





မန္တလေး၊ စက်တင်ဘာ ၁၆

ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက် ခဲ့ကြောင်း Mandalay Police Facebook စာမျက်တွင် ဖေါ်ပြထားပါတယ်။

ဖေါ်ပြချက် အပြည့်အစုံမှာ ----
၁၅-၉-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် ၈၉ လမ်း၊ ၂၁x၂၂ လမ်းကြားရှိ သစ်ဆန်းဆိုင်ကယ် ၀ါယာရိန်းဆိုင်တွင် အေးချမ်းဦး ၂၄ နှစ်၊ ပေါက်ကရိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ သောင်းစိန် ၁၉ နှစ်၊ ပေါက်ပေါက်တန်းရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် တစ်ရပ်တည်းနေ ထွန်းမျိုးသန့်(ခ)ပေါက်စီ ၁၇ နှစ်၊ အောင်ရတနာမြင့်(ခ)တရုတ်ကြီး ၁၉ နှစ်၊ မြင့်မိုရ်ကုန်းရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူ တို့ ၄ ဦးမှာ Ckucj နီ/နက်ရောင်ဆိုင်ကယ်အား မသင်္ကာဖွယ်ပြင်ဆင်နေသည်ကိုတွေ့ရှိစစ်ဆေးရာ လွန်ခဲ့သော(၇)ရက်ခန့် ည ၁၁ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၈x၈၉ လမ်းကြားရှိ ဒန်အိုးစက်အနီး လမ်းဘေးတွင် ရပ်ထားသည်ကိုတွေ့ရှိ၍ခိုးယူခဲ့သည့် ဆိုင်ကယ်ဖြစ်ကြောင်းပေါ်ပေါက်၍ သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး အေးချမ်းဦး ပါ၎ ဦးအား အမှတ်(၇) နယ်မြေရဲစခန်း (ပ)၃၇၇/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း၊ ၁၄-၉-၂၀၁၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ အချိန် ပြင်စာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)၊ မြို့ရှောင်လမ်း၊ ဆိုင်ကယ်ရောင်းဝယ် ရေးဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီးအား မသင်္ကာဖွယ်လိုက်လံ ရောင်းချနေသူ ကျော်စွာ ၂၀ နှစ်၊ ရပ်ကွက်ကြီး(၁၇)၊ ပြင်ဦးလွင်မြို့နေသူနှင့် ဟိန်းမိုးဦး ၂၁ နှစ်၊ ရပ်ကွက်ကြီး(၁၅)၊ ပြင်ဦးလွင်မြို့ နေသူတို့အား စစ်မေးရာ အဆိုပါ ဆိုင်ကယ်အား ကျွဲနွားထောက်ရွာလမ်းအနီးမှ ခိုးယူခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ကျော်စွာနှင့် ဟိန်းမိုးဦး တို့အား ပြင်စာရဲကင်းစခန်း (ပ)၁၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Unicode
ဆိုင်ကယ်နှင့် မသင်္ကာတွေ့ရှိသူများအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်
မန္တလေး၊ စက်တင်ဘာ ၁၆
၁၅-၉-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် ၈၉ လမ်း၊ ၂၁x၂၂ လမ်းကြားရှိ သစ်ဆန်းဆိုင်ကယ် ဝါယာရိန်းဆိုင်တွင် အေးချမ်းဦး ၂၄ နှစ်၊ ပေါက်ကရိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ သောင်းစိန် ၁၉ နှစ်၊ ပေါက်ပေါက်တန်းရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် တစ်ရပ်တည်းနေ ထွန်းမျိုးသန့်(ခ)ပေါက်စီ ၁၇ နှစ်၊ အောင်ရတနာမြင့်(ခ)တရုတ်ကြီး ၁၉ နှစ်၊ မြင့်မိုရ်ကုန်းရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူ တို့ ၄ ဦးမှာ Click နီ/နက်ရောင်ဆိုင်ကယ်အား မသင်္ကာဖွယ်ပြင်ဆင်နေသည်ကိုတွေ့ရှိစစ်ဆေးရာ လွန်ခဲ့သော(၇)ရက်ခန့် ည ၁၁ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၈x၈၉ လမ်းကြားရှိ ဒန်အိုးစက်အနီး လမ်းဘေးတွင် ရပ်ထားသည်ကိုတွေ့ရှိ၍ခိုးယူခဲ့သည့် ဆိုင်ကယ်ဖြစ်ကြောင်းပေါ်ပေါက်၍ သက်သေခံ ဆိုင်ကယ်အား သိမ်းဆည်းပြီး အေးချမ်းဦး ပါ၄ ဦးအား အမှတ်(၇) နယ်မြေရဲစခန်း (ပ)၃၇၇/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း ၁၄-၉-၂၀၁၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ အချိန် ပြင်စာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)၊ မြို့ရှောင်လမ်း၊ ဆိုင်ကယ်ရောင်းဝယ် ရေးဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီးအား မသင်္ကာဖွယ်လိုက်လံ ရောင်းချနေသူ ကျော်စွာ ၂၀ နှစ်၊ ရပ်ကွက်ကြီး(၁၇)၊ ပြင်ဦးလွင်မြို့နေသူနှင့် ဟိန်းမိုးဦး ၂၁ နှစ်၊ ရပ်ကွက်ကြီး(၁၅)၊ ပြင်ဦးလွင်မြို့ နေသူတို့အား စစ်မေးရာ အဆိုပါ ဆိုင်ကယ်အား ကျွဲနွားထောက်ရွာလမ်းအနီးမှ ခိုးယူခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ကျော်စွာနှင့် ဟိန်းမိုးဦး တို့အား ပြင်စာရဲကင်းစခန်း (ပ)၁၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရလည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Credit to Mandalay Police Facebook

Reference Link: https://www.facebook.com/mandalaypolice/posts/950283768444713

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...