Sunday, September 17, 2017





မန္တလေး၊ စက်တင်ဘာ ၁၇

နှစ်လုံးချဲထီလောင်းကစားနေသူအား အရေးယူခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင် ယနေ့နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။
ဖေါ်ပြချက် အပြည့်အစုံမှာ ----
၁၆-၉-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရွှေညောင်ဖူးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ပျော်ဘွယ်မြို့နယ်၊ ပေါ့အိုင်ရိုးကျေးရွာသွားလမ်းတွင် တိုးဝင်း ၄၅ နှစ်၊ သဲပုတ်ကျေးရွာနေသူအား ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ ချဲထီလောင်းကစားရာတွင်အသုံးပြုသည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၂၁၅၂၀၀ ကျပ်အား သိမ်းဆည်းရမိသဖြင့် တိုးဝင်း အား ရွှေညောင်ဖူးနယ်မြေရဲစခန်း (ပ)၄၁/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က) အရလည်းကောင်း၊ နေ့လည် ၂ နာရီအချိန် မြင်းခြံနယ်မြေရဲစခန်းမှ တပ်ဖွဲဝင်များသည် သက်သေများနှင့်အတူလောင်းကစားသတင်းအရ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ဦးပွ ၆၇ နှစ်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများ၊ လောင်းကြေးငွေ ၅၄၀၀၀ ကျပ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ဦးပွ အား မြင်းခြံနယ်မြေရဲစခန်း (ပ)၁၇၈/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Unicode
နှစ်လုံးချဲထီလောင်းကစားနေသူအား အရေးယူ
မန္တလေး၊ စက်တင်ဘာ ၁၇
၁၆-၉-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရွှေညောင်ဖူးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ပျော်ဘွယ်မြို့နယ်၊ ပေါ့အိုင်ရိုးကျေးရွာသွားလမ်းတွင် တိုးဝင်း ၄၅ နှစ်၊ သဲပုတ်ကျေးရွာနေသူအား ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ ချဲထီလောင်းကစားရာတွင်အသုံးပြု သည့်စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၂၁၅၂၀၀ ကျပ်အား သိမ်းဆည်းရမိသဖြင့် တိုးဝင်း အား ရွှေညောင်ဖူးနယ်မြေရဲစခန်း (ပ)၄၁/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆(က) အရလည်းကောင်း၊ နေ့လည် ၂ နာရီအချိန် မြင်းခြံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူလောင်းကစားသတင်းအရ မြင်းခြံ မြို့နယ်၊ လေးရွာဆုံကျေးရွာနေ ဦးပွ ၆၇ နှစ်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားချဲထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများ၊ လောင်းကြေးငွေ ၅၄၀၀၀ ကျပ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ဦးပွ အား မြင်းခြံနယ်မြေရဲစခန်း (ပ)၁၇၈/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်း ရရှိသည်။
Full Credit to Mandalay Police Facebook

References Link: https://www.facebook.com/pg/mandalaypolice/posts/?ref=page_internal

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...