Saturday, September 16, 2017

ႏွစ္လံုးခ်ဲထီေလာင္းကစားေနသူမ်ား အေရးယူ




မႏၲေလး၊ စက္တင္ဘာ ၁၆

ႏွစ္လံုးခ်ဲထီေလာင္းကစားေနသူမ်ား အေရးယူခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္တြင္ ေဖၚျပထားပါတယ္။

ေဖၚျပခ်က္ အျပည့္အစုံမွာ ----
၁၅-၉-၂၀၁၇ ရက္ေန႕ ေန႔လည္ ၁၁ နာရီ ၄၅ အခ်ိန္ ျပင္ဦးလြင္ခရုိင္မႈခင္းႏိွမ္နင္းေရးဌာနစိတ္မွ တပ္ဖဲြ႕၀င္မ်ား၊ မတၱရာၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္တုိ႔သည္ သက္ေသမ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ မတၱရာၿမိဳ႕နယ္၊ ကင္းရြာေန ၀င္းတင့္ ၄၆ ႏွစ္၏ေနအိမ္အား၀င္ေရာက္ စစ္ေဆးရာ ၎အားေနအိမ္ဧည့္ခန္း၌ ႏွစ္လံုး/ခ်ဲ ထီေလာင္းကစားရာတြင္ အသံုးျပဳသည့္ စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြ ၆၁၉၀၀ က်ပ္၊ လက္ကုိင္ဖုန္း ၁ လံုးတုိ႔ႏွင့္အတူေတြ႕ရိွ သိမ္းဆည္းရမိသျဖင့္ ၀င္းတင့္အား မတၱရာၿမိဳ႕မရဲစခန္း (ပ)၂၆၇/၂၀၁၇ ေလာင္းကစားပုဒ္မ ၁၅(က)/ ၁၆ (က)အရလည္းေကာင္း၊ ေက်ာက္ဆည္ခရုိင္မႈခင္းႏိွမ္နင္းေရးဌာနစိတ္မွ တပ္ဖဲြ႕၀င္မ်ား၊ မင္းစုရဲကင္းစခန္းမွ တပ္ဖဲြ႕၀င္တုိ႔ပါ၀င္ေသာပူးေပါင္းအဖဲြ႕သည္ သက္ေသမ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ ေက်ာက္ဆည္ၿမိဳ႕နယ္၊ အင္ေရာင္ရြာေန ခင္ေမာင္ဦး ၅၈ ႏွစ္၏ေနအိမ္အား ၀င္ေရာက္ စစ္ေဆးရာ ၎အား ေနအိမ္အိမ္ခန္းအတြင္း ႏွစ္လံုး/ခ်ဲထီေလာင္းကစားရာတြင္အသံုးျပဳသည့္ စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြ ၇၈၃၅၀ က်ပ္၊ လက္ကုိင္ဖုန္း ၁ လံုးတုိ႔ႏွင့္အတူေတြ႕ရိွ သိမ္းဆည္းရမိသျဖင့္ မင္းစုရဲကင္းစခန္း (ပ)၁၁၅/၂၀၁၇ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က) အရ လည္းေကာင္း အသီးသီး အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။

Credit to Mandalay Police Facebook
Reference Link: https://www.facebook.com/mandalaypolice/

နှစ်လုံးချဲထီလောင်းကစားနေသူများ အရေးယူ
မန္တလေး၊ စက်တင်ဘာ ၁၆

၁၅-၉-၂၀၁၇ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၅ အချိန် ပြင်ဦးလွင်ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မတ္တရာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တို့သည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မတ္တရာမြို့နယ်၊ ကင်းရွာနေ ဝင်းတင့် ၄၆ နှစ်၏နေအိမ်အားဝင်ရောက် စစ်ဆေးရာ ၎င်းအားနေအိမ်ဧည့်ခန်း၌ နှစ်လုံး/ချဲ ထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၆၁၉၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဝင်းတင့်အား မတ္တရာမြို့မရဲစခန်း (ပ)၂၆၇/၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/ ၁၆ (က)အရလည်းကောင်း၊ ကျောက်ဆည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မင်းစု ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လောင်းကစား သတင်းအရ ကျောက်ဆည်မြို့နယ်၊ အင်ရောင်ရွာနေ ခင်မောင်ဦး ၅၈ နှစ်၏နေအိမ်အားဝင်ရောက် စစ်ဆေးရာ ၎င်းအား နေအိမ်အိမ်ခန်းအတွင်း နှစ်လုံး/ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၇၈၃၅၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် မင်းစုရဲကင်းစခန်း (ပ)၁၁၅/၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရလည်းကောင်း အသီးသီး အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...