Friday, September 15, 2017

ပန္းဘဲတန္းၿမိဳ႕နယ္တြင္ လုယက္မႈျဖစ္



ရန္ကုန္၊ စက္တင္ဘာ ၁၅

ပန္းဘဲတန္းၿမိဳ႕နယ္တြင္ လုယက္မႈျဖစ္ခဲ့ေၾကာင္း Yangon Police Facebook စာမ်က္တြင္ ေဖၚျပထားပါတယ္။

ေဖၚျပခ်က္ အျပည့္အစုံမွာ ----
စက္တင္ဘာ ၁၅ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္ခန္႔တြင္ ပန္းဘဲတန္းၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္၊ စိန္ရတနာအေရာင္း/အ၀ယ္၀န္ထမ္းလုပ္ကိုင္သူ ေဒၚ---- သည္ ေနအိမ္မွ စိန္ထည္ပစၥည္း (၂၉)မ်ိဳးထည့္ထားေသာ အမ်ိဳးသမီးကိုင္ေဘးလြယ္အိတ္ကိုယူေဆာင္ကာ ၎အလုပ္လုပ္ကိုင္သည့္
ပန္းဘဲတန္းၿမိဳ႕နယ္၊ မဟာဗႏၶဳလလမ္းရွိ အေရာင္းဆိုင္သို႔သြားေရာက္၍ ဆိုင္တံခါးေသာ့အားဖြင့္ၿပီး စိန္ထည္ပစၥည္းမ်ားထည့္ထားေသာ ေဘးလြယ္အိတ္ကို ေကာင္တာစားပဲြေပၚသို႔တင္ေဆာင္၍ ဇစ္ဖြင့္ထားရွိကာ ဆိုင္အတြင္းရွိ ေကာင္တာမ်ားအားဖြင့္လွစ္ရန္ျပဳလုပ္ေနစဥ္ အသက္ (၃၀)ႏွစ္ခန္႔ရွိ အသားမဲ၊ အရပ္ရွည္၊ အမ်ိဳးသားတစ္ဦးမွ ၎၏ ေနာက္မွ ေန၍ ပါးစပ္ကိုတိပ္ျဖင့္ပတ္ကာ ဦးေခါင္းအားစားပဲြေပၚသို႔ေဆာင့္တြန္းၿပီး အိတ္အတြင္းထည့္ထားေသာ စိန္ထည္ပစၥည္း (၂၉)မ်ိဳးအနက္ ပတၱျမား တစ္လံုးကို ခရုပတ္ပံုစီခ်ယ္ထားသည့္ဆဲြသီးတစ္ခု ကာလ တန္ဖိုးသိန္း(၈၀)က်ပ္ခန္႔အား လုယူထြက္ ေျပးသြားေၾကာင္း သိရွိရသျဖင့္ ပန္းဘဲတန္းၿမိဳ႕မရဲစခန္း (ပ) ၂၇၆/၂၀၁၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး စုံစမ္းေဆာင္ရြက္ခ့ဲသည္။

အမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရုံး အုပ္ခ်ဳပ္မႈ တပ္ခြဲ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႔၀င္မ်ား၊ အေနာက္ပိုင္းခရိုင္ မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ပန္းဘဲတန္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ားတို႔သည္ အခင္းျဖစ္ေနရာသို႔သြားေရာက္ကာ အခင္ျဖစ္ရပ္အား အေသးစိတ္စစ္ေဆးေဆာင္ရြက္ခ့ဲၿပီး ပတ္၀န္းက်င္ေနသူမ်ားအား ေမးျမန္စုံစမ္းကာ CCTV မွတ္တမ္းမ်ားရယူၿပီး ျပစ္မႈက်ဴးလြန္သူအား အျမန္ဆံုးေဖာ္ထုတ္ႏိုင္ေရးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
(Unicode)
ပန်းဘဲတန်းမြို့နယ်တွင် လုယက်မှုဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၁၅
စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ စိန်ရတနာအရောင်း/အဝယ်ဝန်ထမ်းလုပ်ကိုင်သူ ဒေါ်---- သည် နေအိမ်မှ စိန်ထည်ပစ္စည်း (၂၉)မျိုးထည့်ထားသော အမျိုးသမီးကိုင်ဘေးလွယ်အိတ်ကိုယူဆောင်ကာ ၎င်းအလုပ်လုပ်ကိုင်သည့် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ အရောင်းဆိုင်သို့သွားရောက်၍ ဆိုင်တံခါးသော့အားဖွင့်ပြီး စိန်ထည်ပစ္စည်းများထည့်ထား သောဘေး လွယ်အိတ်ကို ကောင်တာစားပွဲပေါ်သို့တင်ဆောင်၍ ဇစ်ဖွင့်ထားရှိကာ ဆိုင်အတွင်းရှိ ကောင်တာများအားဖွင့်လှစ်ရန်ပြုလုပ်နေစဉ် အသက် (၃၀)နှစ်ခန့်ရှိ အသားမဲ၊ အရပ်ရှည်၊ အမျိုးသားတစ်ဦးမှ ၎င်း၏ နောက်မှနေ၍ ပါးစပ်ကိုတိပ်ဖြင့်ပတ်ကာ ဦးခေါင်းအားစားပွဲပေါ်သို့ဆောင့်တွန်းပြီး အိတ်အတွင်းထည့်ထားသော စိန်ထည်ပစ္စည်း (၂၉)မျိုးအနက် ပတ္တမြားတစ်လုံးကို ခရုပတ်ပုံစီချယ်ထားသည့်ဆွဲသီးတစ်ခု ကာလတန်ဖိုးသိန်း(၈၀)ကျပ်ခန့်အား လုယူထွက် ပြေးသွားကြောင်း သိရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၇၆/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုတပ်ခွဲ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ ၊အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲကဝင်များတို့သည် အခင်းဖြစ်နေရာသို့သွားရောက်ကာ အခင်ဖြစ်ရပ်အား အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပတ်ဝန်းကျင်နေသူများအား မေးမြန်စုံစမ်းကာ CCTV မှတ်တမ်းများရယူပြီး ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖော်ထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Credit to Yangon Police Facebook

Reference Link: https://www.facebook.com/yangonpolice/

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...