မႏၲေလး၊ စက္တင္ဘာ ၁၅
နယ္ေျမအတြင္း မသကၤာေတြ႔ရိွသူအား စစ္ေမးရာ ဆုိင္ကယ္ခုိးမႈေပၚေပါက္
ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္တြင္
ေဖၚျပထားပါတယ္။
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
၁၄-၉-၂၀၁၇ ရက္ေန႔ နံနက္ ၁ နာရီခဲြအခ်ိန္ စက္မႈနယ္ေျမရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း လွည့္ကင္းေဆာင္ရြက္စဥ္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ်)ရပ္ကြက္၊
၆၂လမ္းxမဂၤလာလမ္းေထာင့္တြင္ မသကၤာေတြ႔ရိွသူ ေက်ာ္ေက်ာ္ ၂၅ ႏွစ္၊
တံခြန္တုိင္ ရပ္ကြက္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူအားစစ္ေမးရာလြန္ခဲ့ေသာ (၃)လခန္႔က
(စ်)ရပ္ကြက္ရိွ ေနအိမ္ တစ္အိမ္အတြင္းမွ ၁၈ယ/xxxxx
Honda Click ဆုိင္ကယ္အားခုိးယူခဲ့ေၾကာင္း သိရိွရသျဖင့္ သက္ေသခံဆုိင္ကယ္အား
သိမ္းဆည္းၿပီး ေက်ာ္ေက်ာ္္အား စက္မႈနယ္ေျမရဲစခန္း(ပ)၂၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄
အရ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Credit to Mandalay Police Facebook
နယ်မြေအတွင်း မသင်္ကာတွေ့ရှိသူအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်
မန္တလေး၊ စက်တင်ဘာ ၁၅
၁၄-၉-၂၀၁၇ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် စက်မှုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊
၆၂လမ်းxမင်္ဂလာလမ်းထောင့်တွင် မသင်္ကာတွေ့ရှိသူ ကျော်ကျော် ၂၅ နှစ်၊ တံခွန်တိုင် ရပ်ကွက်၊
ပြည်ကြီးတံခွန်မြို့နယ်နေသူအားစစ်မေးရာလွန်ခဲ့သော (၃)လခန့်က (စျ)ရပ်ကွက်ရှိ နေအိမ်
တစ်အိမ်အတွင်းမှ ၁၈ယ/××××× Honda Click ဆိုင်ကယ်အားခိုးယူခဲ့ကြောင်း
သိရှိရသဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ကျော်ကျော်အား စက်မှုနယ်မြေရဲစခန်း(ပ)၂၁/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit
to Mandalay Police Facebook
Reference Link: https://www.facebook.com/mandalaypolice/
No comments:
Post a Comment