Friday, September 15, 2017

ဆုိင္ကယ္ တစ္စီးအား မသကၤာဖြယ္လုိက္လံေရာင္းခ်ေနသူမ်ားအား စစ္ေမးရာ ဆုိင္ကယ္ခုိးမႈေပၚေပါက္




ဆုိင္ကယ္ တစ္စီးအား မသကၤာဖြယ္လုိက္လံေရာင္းခ်ေနသူမ်ားအား စစ္ေမးရာ ဆုိင္ကယ္ခုိးမႈေပၚေပါက္
မႏၲေလး၊ စက္တင္ဘာ ၁၅

ဆုိင္ကယ္ တစ္စီးအား မသကၤာဖြယ္လုိက္လံေရာင္းခ်ေနသူမ်ားအား စစ္ေမးရာ ဆုိင္ကယ္ခုိးမႈေပၚေပါက္
ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္တြင္ ေဖၚျပထားပါတယ္။

ေဖၚျပခ်က္ အျပည့္အစုံမွာ ----

၁၄-၉-၂၀၁၇ ရက္ေန႔ ညေန ၆ နာရီ ၁၅ အခ်ိန္ ျပင္စာရဲကင္းစခန္းမွတပ္ဖဲြ႔၀င္မ်ား၊ ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္တို႔သည္ သက္ေသမ်ားနွင့္အတူနယ္ေျမအတြင္း သတင္းစံုစမ္းစဥ္ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၃)၊ ၿမိဳ႕ေရွာင္လမ္း၊ ဆုိင္ကယ္ေရာင္း၀ယ္ေရးဆုိင္အနီးတြင္ ဆုိင္ကယ္ တစ္စီးအား မသကၤာဖြယ္ လုိက္လံေရာင္းခ်ေနသူ ေက်ာ္စြာ ၂၀ႏွစ္၊ ရပ္ကြက္ႀကီး(၁၇)၊ ျပင္ဦးလြင္ၿမိဳ႕ေနသူႏွင့္ ဟိန္းမုိးဦး ၂၁ ႏွစ္၊ ရပ္ကြက္ႀကီး(၁၅)၊ ျပင္ဦးလြင္ၿမိဳ႕ေန သူတုိ႔အား စစ္ေမးရာအဆုိပါဆုိင္ကယ္အား ၎တို႔ပိုင္ဆိုင္ေၾကာင္း ခုိင္လံုစြာေျပာဆုိႏုိင္ျခင္း မရိွဘဲ ကြ်ဲႏြားေထာက္ ေက်းရြာလမ္းအနီး၌ ရပ္ထားေသာဆုိင္ကယ္အားခုိးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရိွရသျဖင့္ ေက်ာ္စြာႏွင့္ ဟိန္းမုိးဦးတုိ႔အား ျပင္စာရဲကင္းခစန္း(ပ)၁၁၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄ အရအမႈဖြင့္ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရိွသည္။


ဆိုင်ကယ် တစ်စီးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသူများအား စစ်မေးရာ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်
မန္တလေး၊ စက်တင်ဘာ ၁၅
၁၄-၉-၂၀၁၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ အချိန် ပြင်စာရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တို့သည် သက်သေများနှင့်အတူနယ်မြေအတွင်း သတင်းစုံစမ်းစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)၊ မြို့ရှောင်လမ်း၊ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်အနီးတွင် ဆိုင်ကယ် တစ်စီးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသူ ကျော်စွာ ၂၀နှစ်၊ ရပ်ကွက်ကြီး(၁၇)၊ ပြင်ဦးလွင်မြို့နေသူနှင့် ဟိန်းမိုးဦး ၂၁ နှစ်၊ ရပ်ကွက်ကြီး(၁၅)၊ ပြင်ဦးလွင် မြို့နေ သူတို့အား စစ်မေးရာအဆိုပါဆိုင်ကယ်အား ၎င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်း မရှိဘဲ ကျွဲနွားထောက်ကျေးရွာလမ်းအနီး၌ ရပ်ထားသောဆိုင်ကယ်အားခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကျော်စွာ နှင့် ဟိန်းမိုးဦးတို့အား ပြင်စာရဲကင်းခစန်း(ပ)၁၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရအမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Full Credit to Mandalay Police Facebook
Reference Link: https://www.facebook.com/mandalaypolice/

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...