Wednesday, September 27, 2017

ေနအိမ္အတြင္းသို႔ ယာဥ္ေနာက္ဆုတ္ဝင္ေရာက္စဥ္ ကေလးငယ္တစ္ဦးအား တိုက္မိေသဆုံးမွုျဖစ္ပြား




ေနအိမ္အတြင္းသို႔ ယာဥ္ေနာက္ဆုတ္ဝင္ေရာက္စဥ္ ကေလးငယ္တစ္ဦးအား တိုက္မိေသဆုံးမွုျဖစ္ပြား ခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ စက္တင္ဘာ ၂ေနစြဲျဖင့္ ေဖၚျပထားပါတယ္။

၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----

မေကြး၊ စက္တင္ဘာ ၂၆
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္ေန႔ ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ ေဖာင္းကြဲေက်းရြာတြင္ ယာဥ္တိုက္မွုျဖစ္ပြားေၾကာင္း သတင္းအရ ကမၼနယ္ေၿမ ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သြားေရာက္စစ္ေဆးခဲ့ရာ အဆိုပါေက်းရြာေန စိုးမင္းေက်ာ္(၃၀)ႏွစ္ သည္ 4L/×××× လိုက္ထရပ္ အျဖဴေရာင္ယာဥ္အား လမ္းေပၚမွ ေနအိမ္အတြင္းသို႔ ေနာက္ဆုတ္ ဝင္ေရာက္စဥ္ အဆိုပါလမ္းအတိုင္းေျပးလာေသာ တစ္ရြာတည္းေန ေမာင္ၿဖိဳးမင္းထက္(ခ)လွိုင္းထက္ (၄)ႏွစ္အား တိုက္မိခဲ့သျဖင့္ ေမာင္ၿဖိဳးမင္းထက္(ခ)လွိုင္းထက္ တြင္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရွိရေသာေၾကာင့္ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ စိုးမင္းေက်ာ္ အား ကံမနယ္ေျမရဲစခန္း (ပ)၁၉/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

Unicode
နေအိမ်အတွင်းသို့ ယာဉ်နောက်ဆုတ်ဝင်ရောက်စဉ် ကလေးငယ်တစ်ဦးအား တိုက်မိသေဆုံးမှုဖြစ်ပွား
မကွေး၊ စက်တင်ဘာ ၂၆
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကမ္မနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ စိုးမင်းကျော်(၃၀)နှစ် သည် 4L/×××× လိုက်ထရပ် အဖြူရောင်ယာဉ်အား လမ်းပေါ်မှ နေအိမ်အတွင်းသို့ နောက်ဆုတ် ဝင်ရောက်စဉ် အဆိုပါလမ်းအတိုင်းပြေးလာသော တစ်ရွာတည်းနေ မောင်ဖြိုးမင်းထက်(ခ)လှိုင်းထက် (၄)နှစ်အား တိုက်မိခဲ့သဖြင့် မောင်ဖြိုးမင်းထက်(ခ)လှိုင်းထက် တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရှိရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးမင်းကျော် အား ကံမနယ်မြေရဲစခန်း (ပ)၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news on Wednesday, September 27, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.

We acknowledged © of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕.

We are nonprofits volunteers and we only retrieved this news to support all communities who do not have luxuries Medias and only have a phone in theirs hands. 

Reference Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal

Retrieved Date: Wednesday, September 27, 2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...