Monday, September 25, 2017

ေတာင္းတြင္းႀကီးၿမိဳ႕နယ္တြင္ ကေလးငယ္တစ္ဦးေရနစ္ေသဆုံး




ေတာင္းတြင္းႀကီးၿမိဳ႕နယ္တြင္ ကေလးငယ္တစ္ဦးေရနစ္ေသဆုံးခဲ့ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ စက္တင္ဘာ ၂ေနစြဲျဖင့္ ေဖၚျပထားပါတယ္။

ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မေကြး၊ စက္တင္ဘာ ၂၄
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္ မေကြး တိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ငါးခုံးမေက်းရြာတြင္ ကေလးငယ္တစ္ဦးေရနစ္ ေသဆုံး သြားေၾကာင္း သတင္းအရ ဆတ္သြားနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ အဆိုပါေက်းရြာေန ေဝလင္းကို(၁၁)ႏွစ္သည္ ေက်ာင္းဆင္း၍ ေနအိမ္သို႔ ျပန္လာစဥ္ ေက်းရြာအေနာက္ေျမာက္ဘက္ရွိ ေတာင္က်ေခ်ာင္းအား ျဖတ္ကူးခဲ့ရာမွ ေရနစ္ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း သိရွိရေသာေၾကာင့္ ဆတ္သြားနယ္ေျမရဲစခန္း၌ ေသမွုေသခင္းအမွတ္စဥ္(၁၃/၂၀၁၇)ျဖင့္ အမွုေရးဖြင့္စစ္ေဆးလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

Unicode
တောင်းတွင်းကြီးမြို့နယ်တွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံး
မကွေး ၊ စက်တင်ဘာ ၂၄
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငါးခုံးမကျေးရွာတွင် ကလေးငယ်တစ်ဦးရေနစ် သေဆုံး သွားကြောင်း သတင်းအရ ဆတ်သွားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဝေလင်းကို(၁၁)နှစ်သည် ကျောင်းဆင်း၍ နေအိမ်သို့ ပြန်လာစဉ် ကျေးရွာအနောက်မြောက်ဘက်ရှိ တောင်ကျချောင်းအား ဖြတ်ကူးခဲ့ရာမှ ရေနစ်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသောကြောင့် ဆတ်သွားနယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၁၃/၂၀၁၇)ဖြင့် အမှုရေးဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

This article first appears in မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ news on Monday, September 25, 2017 of မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook.

We acknowledged © to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ and thus full credit given to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕. Brought to you by True News to support all communities who do not have luxuries Medias and only have a phone in theirs hands.  

Reference Link: https://www.facebook.com/pg/magway.div.polmedia/posts/?ref=page_internal

Retrieved Date: Monday, September 25, 2017

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...