Sunday, September 24, 2017





မကွေး၊ စက်တင်ဘာ ၂၃

ဘောလုံးလောင်းကစားပြုလုပ်သူအား ဖမ်းဆီးအရေးယူထား ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook စာမျက်နှာ တွင် စက်တင်ဘာ ၂၃ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
ဖေါ်ပြချက် အပြည့်အစုံမှာ ----

Unicode
ဘောလုံးလောင်းကစားပြုလုပ်သူအား ဖမ်းဆီးအရေးယူထား
မကွေး၊ စက်တင်ဘာ ၂၃
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်ရှိ စမိုင်းလက်ဖက်ရည်ဆိုင်တွင် ဘောလုံးလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အောင်လံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ လက်ဖက်ရည်ဆိုင်အတွင်းရှိ မုန့်အကြော်ဖို ဘေးအခန်းလွတ်တွင် ၎င်းရပ်ကွက်နေ ဖြိုးကိုကို(ခ)ပြည့်ဖြိုး (၃၂)နှစ်အား ဘောလုံးလောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေကျပ် (၉၀,၄၀၀)တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဖြိုးကိုကို(ခ)ပြည့်ဖြိုးအား အောင်လံမြို့မရဲစခန်း (ပ)၉၆၄/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

Full Credit to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook
Reference Link: https://www.facebook.com/magway.div.polmedia/

Retrieved Date: 24/09/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...