ေဘာလံုးပဲြေလာင္းကစားေနသူမ်ားအား အေရးယူ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ယေန့ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ စက္တင္ဘာ ၂၅
၂၄-၉-၂၀၁၇ ရက္ေန႔ ညေန ၆ နာရီခဲြအခ်ိန္ ေအာင္ပင္လယ္ နယ္ေျမရဲစခန္းမွ
တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူေလာင္းကစား သတင္းအရ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ကြက္၊
၅၈ လမ္းႏွင့္ မဥၹဴလမ္းေထာင့္တြင္ ျမင့္ထြန္း ၅၂ ႏွစ္၊ ျမရည္နႏၵာရပ္ကြက္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္
ေနသူအားရွာေဖြစစ္ေဆးရာ ၎၏လြယ္အိတ္အတြင္းမွ ေဘာလံုးပဲြေလာင္းကစားရာတြင္ အသံုးျပဳသည့္
စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြ ၈၃၀၀၀ က်ပ္အားသိမ္းဆည္းရမိသျဖင့္ ျမင့္ထြန္း အား
ေအာင္ပင္လယ္နယ္ေျမရဲစခန္း (ပ)၃၅၄/၂၀၁၇၊ ေလာင္းကစားပုဒ္မ ၁၅(က)အရလည္းေကာင္း၊ ည ၈ နာရီ
၅၀ အခ်ိန္ အမွတ္(၁)နယ္ေျမရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ
ေအာင္ေျမသာစံၿမိဳ႕နယ္၊ အႏိွပ္ေတာ္ရပ္ကြက္၊ သရက္ကုန္းရပ္ရိွ ဦးၾကည္စုိး ၅၅ ႏွစ္၏ ေနအိမ္အား
၀င္ေရာက္ရွာေဖြရာ ေနအိမ္ေအာက္ထပ္ရိွ ေစ်းေရာင္းသည့္ေကာင္တာေပၚတြင္ ေဘာလံုးပဲြေလာင္းကစားရာ
တြင္ အသံုးျပဳသည့္စာရြက္စာတမ္းမ်ား၊ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ ၁၅၂၀၀၀ က်ပ္တုိ႔အား
သိမ္းဆည္းရမိသျဖင့္ ဦးၾကည္စုိးအား အမွတ္(၁) နယ္ေျမရဲစခန္း (ပ)၅၉၀/၂၀၁၇၊ ေလာင္းကစားပုဒ္မ
၁၃(က)/၁၄(က) အရလည္းေကာင္း အသီးသီးအမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
ဘောလုံးပွဲလောင်းကစားနေသူများအား အရေးယူ
မန္တလေး၊ စက်တင်ဘာ ၂၅
၂၄-၉-၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အောင်ပင်လယ် နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူလောင်းကစား သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊
၅၈ လမ်းနှင့် မဉ္ဇူလမ်းထောင့်တွင် မြင့်ထွန်း ၅၂ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်
နေသူအားရှာဖွေစစ်ဆေးရာ ၎င်း၏လွယ်အိတ်အတွင်း မှဘောလုံးပွဲလောင်းကစားရာတွင် အသုံးပြု
သည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၈၃၀၀၀ ကျပ်အားသိမ်းဆည်းရမိသဖြင့် မြင့်ထွန်း
အား အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၃၅၄/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၅(က)အရလည်းကောင်း၊ ည ၈
နာရီ ၅၀ အချိန် အမှတ်(၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစား
သတင်းအရ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ သရက်ကုန်းရပ်ရှိ ဦးကြည်စိုး ၅၅ နှစ်၏
နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ စျေးရောင်းသည့်ကောင်တာပေါ်တွင် ဘောလုံးပွဲလောင်းကစားရာတွင်
အသုံးပြုသည့်စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၅၂၀၀၀ ကျပ်တို့အား
သိမ်းဆည်းရမိသဖြင့် ဦးကြည်စိုးအား အမှတ်(၁) နယ်မြေရဲစခန်း (ပ)၅၉၀/၂၀၁၇၊ လောင်းကစား
ပုဒ်မ ၁၃(က)/၁၄(က) အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
This article first appears in Mandalay Police news on
Monday, September 25, 2017 of Mandalay Police Facebook.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police. Brought to you by True News to support all communities
who do not have luxuries Medias and only have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: စက္တင္ဘာ ၂၅၊
၂၀၁၇
No comments:
Post a Comment