မေကြး၊ စက္တင္ဘာ ၂၃
ဆိုင္ကယ္ႏွင့္ မသကၤာသူႏွစ္ဦးအား လိုက္လံဖမ္းဆီးစစ္ေဆးလ်က္ရွိ
ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ
တြင္ စက္တင္ဘာ ၂၃ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၂၂ ရက္ေန႔ ည ၈ နာရီအခ်ိန္
မေကြးတိုင္းေဒသႀကီး၊ ေအာင္လံ ၿမိဳ႕နယ္၊ ကသစ္ကန္ရြာတြင္ လူငယ္(၂)ဦးမွ
ဆိုင္ကယ္(၁)စီးအား ကာလတန္ဖိုးထက္ေလ်ာ့၍ ေရာင္းခ်ေနေၾကာင္းသတင္းအရ
ဒုရဂၤဗိုလ္နယ္ေျမရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စဥ္
အဆိုပါလူငယ္(၂)ဦးမွာ ဆိုင္ကယ္အား ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ လိုက္လံ
ဖမ္းဆီးစစ္ေဆးခဲ့ရာ စမ္းေခ်ာင္းရပ္ကြက္ေန ရာဇာေအာင္(၂၀)ႏွစ္ႏွင့္
ေဝလင္းေနာင္(ခ)ေဘာေလး (၁၉)ႏွစ္ တို႔ျဖစ္ေၾကာင္း သိရွိရၿပီး ၎တို႔စီးနင္းလာသည့္ Yunde
Smash-110/မီးခိုးေရာင္ဆိုင္ကယ္ႏွင့္ ပတ္သက္၍
ပိုင္ဆိုင္ေၾကာင္းအေထာက္အထား တစ္စုံတစ္ရာေျပာဆိုျပသနိုင္ျခင္းမရွိသျဖင့္ ရာဇာေအာင္
ႏွင့္ေဝလင္းေနာင္(ခ)ေဘာေလးတို႔(၂)ဦးအား ဒုရဂၤဗိုလ္နယ္ေျမရဲစခန္း(ပ)၆၁/၂၀၁၇၊
ရာဇသတ္ႀကီး ပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္ အမွုဖြင့္အေရးယူ ထားေၾကာင္း သတင္းရရွိသည္။
Unicode
ဆိုင်ကယ်နှင့် မသင်္ကာသူနှစ်ဦးအား
လိုက်လံဖမ်းဆီးစစ်ဆေးလျက်ရှိ
မကွေး၊ စက်တင်ဘာ ၂၃
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်
မကွေးတိုင်းဒေသကြီး၊ အောင်လံ မြို့နယ်၊ ကသစ်ကန်ရွာတွင် လူငယ်(၂)ဦးမှ
ဆိုင်ကယ်(၁)စီးအား ကာလတန်ဖိုးထက်လျော့၍ ရောင်းချနေကြောင်းသတင်းအရ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ သွားရောက်စဉ် အဆိုပါလူငယ်(၂)ဦးမှာ ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားသဖြင့်
လိုက်လံ ဖမ်းဆီးစစ်ဆေးခဲ့ရာ စမ်းချောင်းရပ်ကွက်နေ ရာဇာအောင်(၂၀)နှစ်နှင့်
ဝေလင်းနောင်(ခ)ဘောလေး (၁၉)နှစ် တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့စီးနင်းလာသည့် Yunde
Smash-110/မီးခိုးရောင်ဆိုင်ကယ်နှင့် ပတ်သက်၍
ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် ရာဇာအောင်
နှင့်ဝေလင်းနောင်(ခ)ဘောလေးတို့(၂)ဦးအား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း(ပ)၆၁/၂၀၁၇၊
ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
Full
Credit to မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook
Reference Link: https://www.facebook.com/magway.div.polmedia/
Retrieved Date: 24/09/2017
No comments:
Post a Comment