မႏၲေလး၊ စက္တင္ဘာ ၂၄
ဆုိင္ကယ္ႏွင့္ မသကၤာဖြယ္ေတြ႕ရွိသူ စစ္ေဆးအေရးယူ ခဲ့ေၾကာင္း
Yangon Police Facebook စာမ်က္နွာ တြင္ ယေန့ေနစြဲျဖင့္
ေဖၚျပထားပါတယ္။
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
၂၃-၉-၂၀၁၇ ရက္ေန႔ ေန႔လည္ ၂ နာရီခဲြအခ်ိန္ သံရြာနယ္ေျမရဲစခန္းမွဴးႏွင့္
တပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္းလွည့္ကင္းေဆာင္ရြက္ေနစဥ္ ေက်ာက္ဆည္ၿမိဳ႕နယ္၊
ဆူးေလကုန္းေက်းရြာအနီး၊ ရန္ကုန္-မႏၲေလးကားလမ္းတြင္ ၂၁ယ/xxxx
Luojia-110 အနက္ေရာင္ ဆုိင္ကယ္အား တြန္းလာသည့္ မသကၤာေတြ႕ရိွသူ သက္စုိးဦး
၂၇ ႏွစ္၊ ဇရပ္ျဖဴေက်းရြာ၊ ေက်ာက္ဆည္ၿမိဳ႕နယ္ေနသူအား စစ္ေဆးရာ အဆုိပါ ဆုိင္ကယ္အား ၎ပုိင္ဆုိင္ေၾကာင္း
အေထာက္အထားတစ္စံုတစ္ရာ ျပသေျပာဆုိႏုိင္ျခင္းမရိွသျဖင့္ သက္ေသခံဆုိင္ကယ္အား သိမ္းဆည္းၿပီး
သက္စုိးဦး အား သံရြာနယ္ေျမရဲစခန္း (ပ)၁၂၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ အရ အမႈဖြင့္
စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
ဆိုင်ကယ်အား မသင်္ကာတွန်းလာသူအား စစ်ဆေးအရေးယူ
မန္တလေး၊ စက်တင်ဘာ ၂၄
၂၃-၉-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် သံရွာနယ်မြေရဲစခန်းမှူးနှင့်
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်ဆည်မြို့နယ်၊
ဆူးလေကုန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်းတွင် ၂၁ယ/×××× Luojia-110 အနက်ရောင်
ဆိုင်ကယ်အား တွန်းလာသည့် မသင်္ကာတွေ့ရှိ သူ သက်စိုးဦး ၂၇ နှစ်၊ ဇရပ်ဖြူကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူအား
စစ်ဆေးရာ အဆိုပါ ဆိုင်ကယ်အား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့်
သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး သက်စိုးဦး အား သံရွာနယ်မြေရဲစခန်း (ပ)၁၂၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ
၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Full
Credit to Mandalay Police Facebook
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 24/09/2017
No comments:
Post a Comment