ေစာင္
၂ ထည္ အေႂကြးယူမိသည့္ အသက္ ၇၀ ေက်ာ္ အဘြားအို ေစာင္ ၂ ထည္ အေႂကြးေၾကာင့္
အိမ္အသိမ္းခံရ
သဲကုန္း၊
ဩဂုတ္ ၁၊ ၂၀၁၈
အသက္
၇၀ ေက်ာ္ အဘြားအိုတဦးမွာ လြန္ခဲ့တဲ့ ၅ ႏွစ္ေက်ာ္က
ေစာင္ႏွစ္ထည္အေႂကြးယူမိတာေၾကာင့္ အိမ္အသိမ္းခံရေၾကာင္း သိရပါတယ္။
ျဖစ္စဥ္မွာ-
အသက္
၇၀ ေက်ာ္အဖြားအုိ တဦးမွ ၂၀၁၂ ခုႏွစ္ ေဆာင္းတြင္းမွာ
ခေလးေတြနဲ႔ မိသားစုေအးလြန္းတဲ့လို႔ ျခံဳေစာင္ႏွစ္ထည္ အေႂကြးယူမိၿပီး
အတိုးေပၚအတိုးဆင့္ကာ ၂၀၁၈ ခုႏွစ္မွာ အိမ္နဲ႔ျခံကို အသိမ္းခံလိုက္ရတဲ့အထိ ျဖစ္သြားခဲ့ျခင္းျဖစ္ပါတယ္။
ဝယ္ခဲ့သည့္အခ်ိန္က
ေစာင္ႏွစ္ထည္ ကို ၂၀,၀၀၀က်ပ္နဲ႔
ေစ်းျဖတ္ၿပီး ၃၀ တိုးနဲ႔ တျဖည္းျဖည္း မ်ားလာခဲ့ၿပီး ေနာက္ဆံုးအိမ္အသိမ္းခဲ့ရတဲ့အထိ
ျဖစ္သြား တာေၾကာင့္ ေဒသခံမ်ား မခံမရပ္နုိင္ျဖစ္ကာ ၾသဂုတ္ ၁
ရက္ေန႔မွာ တရား႐ုံးကို ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။
လက္ရွိအိမ္မွာ
ေအာက္ခ်မ္းသာလမ္း သဲကုန္းရပ္ကြက္မွာရွိၿပီး အသက္ ၇၀ ေက်ာ္အဖြားႀကီး တေယာက္နဲ႔ေျမး
၃ ေယာက္ေနထိုင္ေၾကာင္းသိရွိရပါတယ္။
အဲဒီေခ်းေငြရလိုမႈနဲ႔ ၂၀၁၃ ခုႏွစ္မွာ စတင္တရားစြဲဆိုခဲ့ၿပီး
ျပန္မေပးနိုင္တာေၾကာင့္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕က ပရဟိတအဖြဲ႔ေတြက စုၿပီးေငြ ၁၀ သိန္း
သြားေပးခဲ့ ေပမယ့္ အေႂကြးရွင္က ဒီအမႈကို ေက်ေအးမေပးခဲ့ေၾကာင္း၊ ဒီကိစၥမွာ
ေခ်းေငြကိုစတင္ယူသူက မတ႐ုတ္မ ေခၚ ေသဆံုးသြားသူျဖစ္ျပီး
အဲဒီအတြက္ က်န္ရစ္သူ အေမ အဖြားအုိမွ ဒီအေႂကြးအတြက္ တရားစြဲခံေနရတာျဖစ္ေၾကာင္း၊
အဲဒီလို တရားစြဲနိုင္ဖို႔အတြက္ အေႂကြးရွင္ ေဒၚအိအိခိုင္ က ၂၀၁၃ ခုႏွစ္မွာ
စာရြက္အျဖဴေပၚ လက္ေဗြ ႏိွပ္ခိုင္းၿပီး လာယူသြားခဲ့ေၾကာင္း၊
ဒီအမႈကို ၂၀၁၃ မွာ စတင္တရားစြဲခဲ့ၿပီး တရားလိုက အခု ေနအိမ္နဲ႔ျခံကို ေငြ
၅၀၀,၀၀၀ သိန္းနဲ႔ဝယ္ယူၿပီးသားျဖစ္တယ္ဆိုၿပီး
အိမ္ကိုရလိုမႈနဲ႔ တရားစ စြဲတာလို႔ တာဝန္ရွိသူက ေျပာေၾကာင္းတုိ့ကုိ
သိရွိရပါတယ္။
အဲဒီကိစၥအတြက္
ၿပီးခဲ့တဲ့ ဇူလိုင္ ၂၃ ရက္ေန႔က အိမ္ကို အပ္ဝရမ္းကပ္ၿပီး ဖယ္ရွားဖို့ တရား႐ုံးက
ႀကဳိးစားခဲ့ေပမယ့္ ပိုင္ရွင္ရဲ႕ေမာင္ျဖစ္သူက အေမြဆိုင္အိမ္ျဖစ္တယ္ဆိုၿပီး
စာတင္တာေၾကာင့္ ရက္ေရႊ႕ဆိုင္းထားလိုက္ၿပီး ယေန့မွာ
အၿပီးသတ္ဆံုးျဖတ္ခ်က္ခ်မွာ ျဖစ္ေၾကာင္း၊ ၎အမွဳအတြက္ ေဒသခံမ်ား
မခံမရပ္နုိင္ျဖစ္ကာ ၾသဂုတ္ ၁ ရက္ေန႔မွာ ဆႏၵျပပြဲကို ေအာင္ခ်မ္းသာလမ္း၊
ေအာင္သုခလမ္း၊ ဝိပႆနာလမ္း၊ အေရွ႕ ၿမိဳ႕ပတ္လမ္း၊ အေရွ႕လမ္းမေတာ္လမ္း၊
ရန္ကုန္ျပည္လမ္းေတြကေန ၿမိဳ႕နယ္တရား႐ုံးေရွ႕ထိ ခ်ီတက္ဆႏၵျပခဲ့ၾကေၾကာင္းသိရွိရပါတယ္။
ေလးစားစြာျဖင့္
နွင္းေမာင္
Unicode
စောင် ၂ ထည် အကြွေးယူမိသည့် အသက် ၇၀
ကျော် အဘွားအို စောင် ၂ ထည် အကြွေးကြောင့် အိမ်အသိမ်းခံရ
သဲကုန်း၊ ဩဂုတ် ၁၊ ၂၀၁၈
အသက် ၇၀ ကျော် အဘွားအိုတဦးမှာ လွန်ခဲ့တဲ့
၅ နှစ်ကျော်က စောင်နှစ်ထည်အကြွေးယူမိတာကြောင့် အိမ်အသိမ်းခံရကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ-
အသက် ၇၀ ကျော်အဖွားအို တဦးမှ ၂၀၁၂
ခုနှစ် ဆောင်းတွင်းမှာ ခလေးတွေနဲ့ မိသားစုအေးလွန်းတဲ့လို့ ခြုံစောင်နှစ်ထည်
အကြွေးယူမိပြီး အတိုးပေါ်အတိုးဆင့်ကာ ၂၀၁၈ ခုနှစ်မှာ အိမ်နဲ့ခြံကို
အသိမ်းခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့ခြင်းဖြစ်ပါတယ်။
ဝယ်ခဲ့သည့်အချိန်က စောင်နှစ်ထည်
ကို ၂၀,ဝ၀ဝကျပ်နဲ့ ဈေးဖြတ်ပြီး ၃၀ တိုးနဲ့
တဖြည်းဖြည်း များလာခဲ့ပြီး နောက်ဆုံးအိမ်အသိမ်းခဲ့ရတဲ့အထိ ဖြစ်သွား တာကြောင့်
ဒေသခံများ မခံမရပ်နိုင်ဖြစ်ကာ သြဂုတ် ၁ ရက်နေ့မှာ တရားရုံးကို
ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
လက်ရှိအိမ်မှာ အောက်ချမ်းသာလမ်း
သဲကုန်းရပ်ကွက်မှာရှိပြီး အသက် ၇၀ ကျော်အဖွားကြီး တယောက်နဲ့မြေး ၃
ယောက်နေထိုင်ကြောင်းသိရှိရပါတယ်။
အဲဒီချေးငွေရလိုမှုနဲ့ ၂၀၁၃ ခုနှစ်မှာ စတင်တရားစွဲဆိုခဲ့ပြီး ပြန်မပေးနိုင်တာကြောင့်
ကြို့ပင်ကောက်မြို့က ပရဟိတအဖွဲ့တွေက စုပြီးငွေ ၁၀ သိန်း သွားပေးခဲ့ ပေမယ့် အကြွေးရှင်က
ဒီအမှုကို ကျေအေးမပေးခဲ့ကြောင်း၊ ဒီကိစ္စမှာ ချေးငွေကိုစတင်ယူသူက မတရုတ်မ ခေါ် သေဆုံးသွားသူဖြစ်ပြီး
အဲဒီအတွက် ကျန်ရစ်သူ အမေ အဖွားအိုမှ ဒီအကြွေးအတွက် တရားစွဲခံနေရတာဖြစ်ကြောင်း၊ အဲဒီလို
တရားစွဲနိုင်ဖို့အတွက် အကြွေးရှင် ဒေါ်အိအိခိုင် က ၂၀၁၃ ခုနှစ်မှာ စာရွက်အဖြူပေါ် လက်ဗွေ
နှိပ်ခိုင်းပြီး လာယူသွားခဲ့ကြောင်း၊ ဒီအမှုကို ၂၀၁၃ မှာ စတင်တရားစွဲခဲ့ပြီး တရားလိုက
အခု နေအိမ်နဲ့ခြံကို ငွေ ၅၀ဝ,ဝ၀ဝ သိန်းနဲ့ဝယ်ယူပြီးသားဖြစ်တယ်ဆိုပြီး အိမ်ကိုရလိုမှုနဲ့ တရားစ စွဲတာလို့
တာဝန်ရှိသူက ပြောကြောင်းတို့ကို သိရှိရပါတယ်။
အဲဒီကိစ္စအတွက် ပြီးခဲ့တဲ့ ဇူလိုင်
၂၃ ရက်နေ့က အိမ်ကို အပ်ဝရမ်းကပ်ပြီး ဖယ်ရှားဖို့ တရားရုံးက ကြိုးစားခဲ့ပေမယ့် ပိုင်ရှင်ရဲ့မောင်ဖြစ်သူက
အမွေဆိုင်အိမ်ဖြစ်တယ်ဆိုပြီး စာတင်တာကြောင့် ရက်ရွှေ့ဆိုင်းထားလိုက်ပြီး ယနေ့မှာ အပြီးသတ်ဆုံးဖြတ်ချက်ချမှာ
ဖြစ်ကြောင်း၊ ၎င်းအမှုအတွက် ဒေသခံများ မခံမရပ်နိုင်ဖြစ်ကာ သြဂုတ် ၁ ရက်နေ့မှာ ဆန္ဒပြပွဲကို
အောင်ချမ်းသာလမ်း၊ အောင်သုခလမ်း၊ ဝိပဿနာလမ်း၊ အရှေ့ မြို့ပတ်လမ်း၊ အရှေ့လမ်းမတော်လမ်း၊
ရန်ကုန်ပြည်လမ်းတွေကနေ မြို့နယ်တရားရုံးရှေ့ထိ ချီတက်ဆန္ဒပြခဲ့ကြကြောင်းသိရှိရပါတယ်။
လေးစားစွာဖြင့်
နှင်းမောင်
No comments:
Post a Comment