Tuesday, July 31, 2018

ညေနေက်ာင္းဆင္းျပန္တဲ့ ကေလးေတြကိုရိုက္နက္ျပီး ကေလးေတြဆီက ဆိုင္ကယ္လုယူသြား




ညေနေက်ာင္းဆင္းျပန္တဲ့ ကေလးေတြကိုရိုက္နက္ျပီး ကေလးေတြဆီက ဆိုင္ကယ္လုယူသြား

လြိဳင္ေကာ္၊ ဇူလုိင္ ၃၁၊၂၀၁၈

လြိဳင္ေကာ္ျမဳိ့၊ ေရႊလက္ဝါးက်ြန္းေတာထဲမွာ ေက်ာင္းသားနွစ္ေယာက္ကုိ ရုိက္နွက္ျပီး ကေလးေတြဆီက ဆိုင္ကယ္လုယူသြားေၾကာင္း လြန္ခဲ့ေသာ တနာရီခန့္က ေက်ာ္ပရိေဘာဂ Facebook စာမ်က္နွာမွာ ဓါတ္ပုံနွင့္တကြ ေဖၚျပခ်က္အရ သိရွိရပါတယ္။

၎၏ ေဖၚျပခ်က္ အျပည္အစုံမွာ-
ဒီေန႔ညေန က်ေနာ္ေက်ာင္းႀကိဳသြားေတာ့ ေရႊလက္ဝါးက်ြန္းေတာထဲမွာ မိုးကလည္းရြာ ေက်ာင္းသားနွစ္ေယာက္ အကိုျဖစ္သူက မ်က္နွာတခုလံုးေသြးေတြအရမ္းထြက္ေနတဲ႔ ညီေလးကို ေက်ာပိုးျပီးလာတာေတြ႔ေတာ့ က်ေနာ္လည္းကားခ်က္ခ်င္းရပ္ ေမးႀကည့္ေတာ့ သားတို႔အရိုက္ခံရလို႔တဲ႔ သားတို႔ဆိုင္ကယ္လည္းယူသြားျပီတဲ႔ ဦးေလးနွစ္ေယာက္တဲ႔ သားသမီးခ်င္းကိုယ္ခ်င္းမစာတဲ႔ လူေတြ
ကေလးေတြကိုမရိုက္သင့္ပါဘူး လြိဳင္ေကာ္ကလူေတြလည္း ေရႊလက္ဝါးက်ြန္းေတာထဲ ျဖက္မသြားပါနဲ႔ေတာလည္းအရမ္းထူလို႔ပါ ဒီပို႔ေလးလည္းရွယ္ေပးပါကေလးကိုေဆးရံုပို႔ျပီး မိဘေတြဆီလည္း က်ေနာ္ေရာက္ခဲ႔ျပီးပါျပီဟု ေဖၚျပထားပါတယ္။

ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: ေက်ာ္ပရိေဘာဂ Facebook

Unicode
ညနေကျောင်းဆင်းပြန်တဲ့ ကလေးတွေကိုရိုက်နက်ပြီး ကလေးတွေဆီက ဆိုင်ကယ်လုယူသွား

လွိုင်ကော်၊ ဇူလိုင် ၃၁၊၂၀၁၈

လွိုင်ကော်မြို့၊ ရွှေလက်ဝါးကျွန်းတောထဲမှာ ကျောင်းသားနှစ်ယောက်ကို ရိုက်နှက်ပြီး ကလေးတွေဆီက ဆိုင်ကယ်လုယူသွားကြောင်း လွန်ခဲ့သော တနာရီခန့်က ကျော်ပရိဘောဂ Facebook စာမျက်နှာမှာ ဓါတ်ပုံနှင့်တကွ ဖေါ်ပြချက်အရ သိရှိရပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည်အစုံမှာ-
ဒီနေ့ညနေ ကျနော်ကျောင်းကြိုသွားတော့ ရွှေလက်ဝါးကျွန်းတောထဲမှာ မိုးကလည်းရွာ ကျောင်းသားနှစ်ယောက် အကိုဖြစ်သူက မျက်နှာတခုလုံးသွေးတွေအရမ်းထွက်နေတဲ့ ညီလေးကို ကျောပိုးပြီးလာတာတွေ့တော့ ကျနော်လည်းကားချက်ချင်းရပ် မေးကြည့်တော့ သားတို့အရိုက်ခံရလို့တဲ့ သားတို့ဆိုင်ကယ်လည်းယူသွားပြီတဲ့ ဦးလေးနှစ်ယောက်တဲ့ သားသမီးချင်းကိုယ်ချင်းမစာတဲ့ လူတွေ
ကလေးတွေကိုမရိုက်သင့်ပါဘူး လွိုင်ကော်ကလူတွေလည်း ရွှေလက်ဝါးကျွန်းတောထဲ ဖြက်မသွားပါနဲ့၊ တောလည်းအရမ်းထူလို့ပါ ဒီပို့လေးလည်းရှယ်ပေးပါ၊ ကလေးကိုဆေးရုံပို့ပြီး မိဘတွေဆီလည်း ကျနော်ရောက်ခဲ့ပြီးပါပြီဟု ဖေါ်ပြထားပါတယ်။

လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: ကျော်ပရိဘောဂ Facebook

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...