Sunday, November 5, 2017




ဆိုင်ကယ်နှင့်မသင်္ကာတွေ့ရှိသူအားရှာဖွေရာ ၀တ်ဆင်ထားသော ခေါင်းစွပ်ပါအနွေးထည် အင်္ကျီ အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ ခဲ့ကြောင်း Mandalay Police Facebook စာမျက်နှာတွင်  နိုဝင်ဘာ ၅၊ ၂၀၁၇ နေစွဲဖြင့်  ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

မန္တလေး၊ နိုဝင်ဘာ ၅
၎-၁၁-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ညောင်ကုန်းရွာအ၀င်၊ ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုးကုတ် မှ ပြင်ဦးလွင်ဘက်သို့ စံအောင် ၂၈ နှစ်၊ ပြင်ကြီးရွာ၊ ပြင်ဦးလွင်မြို့နယ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မမာလာဝင်း ၃၄ နှစ်၊ နောက်ထိုင်လိုက်ပါလာသည့် ၂၁ယ/xxxxxx New Anbo-125 ဆိုင်ကယ်အားမသင်္ကာတွေ့ရှိသဖြင့် မမာလာဝင်း၏ခန္ဓာကိုယ်အားရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ခေါင်းစွပ်ပါအနွေးထည်အင်္ကျီ လက်ရှည်အပြင်အောက် ယာဘက်အိတ်ကပ်အတွင်း မှိုင်းကိုင်စက္ကူဖြင့်ထုပ်လျက် WY စာတမ်း ပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြားစီပါ ၅ ထုပ်၊ စုစုပေါင်းဆေးပြား ၉၉၀ ပြား၊အလေးချိန် ၉၉ ဂရမ်(ဒေသပေါက်ဈေး တစ်ပြားလျင် ၄၀၀၀ ကျပ်နှုန်းဖြင့် ၃၉၆၀၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ပိတ်ချင်းမြောင်ရဲကင်းစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Unicode
ဆိုင်ကယ်နှင့်မသင်္ကာတွေ့ရှိသူအားရှာဖွေရာ ဝတ်ဆင်ထားသော ခေါင်းစွပ်ပါအနွေးထည်အင်္ကျီ အိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
မန္တလေး၊ နိုဝင်ဘာ ၅
၄-၁၁-၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ညောင်ကုန်းရွာအဝင်၊ ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုးကုတ် မှ ပြင်ဦးလွင်ဘက်သို့ စံအောင် ၂၈ နှစ်၊ ပြင်ကြီးရွာ၊ ပြင်ဦးလွင်မြို့နယ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မမာလာဝင်း ၃၄ နှစ်၊ နောက်ထိုင်လိုက်ပါလာသည့် ၂၁ယ/×××××× New Anbo-125 ဆိုင်ကယ်အားမသင်္ကာတွေ့ရှိသဖြင့် မမာလာဝင်း၏ခန္ဓာကိုယ်အားရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ခေါင်းစွပ်ပါအနွေးထည်အင်္ကျီ လက်ရှည်အပြင်အောက် ယာဘက်အိတ်ကပ်အတွင်း မှိုင်းကိုင်စက္ကူဖြင့်ထုပ်လျက် WY စာတမ်း ပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြားစီပါ ၅ ထုပ်၊ စုစုပေါင်းဆေးပြား ၉၉၀ ပြား၊အလေးချိန် ၉၉ ဂရမ်(ဒေသပေါက်စျေး တစ်ပြားလျင် ၄၀၀၀ ကျပ်နှုန်းဖြင့် ၃၉၆၀၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ပိတ်ချင်းမြောင်ရဲကင်းစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

This article first appears in Mandalay Police news on November 5, 2017 of Mandalay Police Facebook Page.

We acknowledged © of Mandalay Police and thus full credit given to Mandalay Police.

We are nonprofits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/mandalaypolice/

Retrieved Date: 5/11/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...