ပုိက္ဆံအိတ္လုယူထြက္ေျပးသြားသူအား ျပည္သူႏွင့္အတူ ၀ုိင္း၀န္းဖမ္းဆီး
ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္
နုိဝင္ဘာ ၅၊
၂၀၁၇ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ႏုိ၀င္ဘာ ၅
၄-၁၁-၂၀၁၇ ရက္ေန႔ ေန႔လည္ ၁ နာရီ ၁၅ အခ်ိန္ မနီနီ၀င္းမွာ ၂၆x၇၄
လမ္းဆံုတြင္ အစ္ကုိျဖစ္သူအားေစာင့္ဆုိင္းေနစဥ္ ဆုိင္ကယ္တစ္စီးျဖင့္ အမည္မသိလူငယ္(၂)ဦးေရာက္ရိွလာၿပီး
မနီနီ၀င္း၏ရင္ခြင္အတြင္းပုိက္ထားသည့္ အနီေရာင္ပုိက္ဆံအိတ္အားအတင္းဆဲြယူၿပီး ဆုိင္ကယ္ႏွင့္
ေမာင္းႏွင္ထြက္ေျပးသျဖင့္ မနီနီ၀င္းမွ ဆုိင္ကယ္အားအတင္းဆဲြထားၿပီး ပတ္၀န္းက်င္အားေအာ္ဟစ္
အကူအညီေတာင္းစဥ္ လွည့္ကင္းေဆာင္ရြက္ေနသည့္ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားႏွင့္အဖဲြ႕၊
အနီး၀န္းက်င္မွလူမ်ားေရာက္ရိွ၀ုိင္း၀န္းဖမ္းဆီးခဲ့ရာ ဆုိင္ကယ္ေမာင္းႏွင္သူအား မနီနီ၀င္း၏ပုိက္ဆံအိတ္ႏွင့္
အတူဖမ္းဆီးရမိခဲ့သျဖင့္ စစ္ေမးရာ ျပည့္စံုေအာင္ ၂၂ ႏွစ္၊ စစ္ကုိင္းတန္းရပ္၊ ေဒါနဘြားရပ္ကြက္၊
ေအာင္ေျမသာစံၿမိဳ႕ နယ္ေနသူျဖစ္ေၾကာင္း သိရိွရသျဖင့္ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္း (ပ)၄၉၇/၂၀၁၇
ရာဇသတ္ႀကီးပုဒ္မ ၃၈၂ အရအမႈဖြင့္ စစ္ေဆး ေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
ပိုက်ဆံအိတ်လုယူထွက်ပြေးသွားသူအား ပြည်သူနှင့်အတူ ဝိုင်းဝန်းဖမ်းဆီး
မန္တလေး၊ နိုဝင်ဘာ ၅
၄-၁၁-၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၁၅ အချိန် မနီနီဝင်းမှာ ၂၆x၇၄ လမ်းဆုံတွင်
အစ်ကိုဖြစ်သူအားစောင့်ဆိုင်းနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူငယ်(၂)ဦးရောက်ရှိလာပြီး
မနီနီဝင်း၏ရင်ခွင်အတွင်းပိုက်ထားသည့် အနီရောင်ပိုက်ဆံအိတ်အားအတင်းဆွဲ ယူပြီး ဆိုင်ကယ်နှင့်
မောင်းနှင်ထွက်ပြေးသဖြင့် မနီနီဝင်းမှ ဆိုင်ကယ်အားအတင်းဆွဲထားပြီး ပတ်ဝန်းကျင်အားအော်ဟစ်
အကူအညီတောင်းစဉ် လှည့်ကင်းဆောင်ရွက်နေသည့် ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များနှင့်အဖွဲ့၊ အနီးဝန်းကျင်မှလူများရောက်ရှိဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူအား
မနီနီဝင်း၏ပိုက်ဆံအိတ်နှင့် အတူဖမ်းဆီးရမိခဲ့သဖြင့် စစ်မေးရာ ပြည့်စုံအောင် ၂၂ နှစ်၊
စစ်ကိုင်းတန်းရပ်၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာစံမြို့ နယ်နေသူဖြစ်ကြောင်း သိရှိရသဖြင့်
ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၄၉၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရအမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
This article first appears in Mandalay Police news on November
5,
2017 of Mandalay Police Facebook Page.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are nonprofits volunteers and we only retrieved
this news to support all communities from Myanmar who do not know how to get
access the news and have no luxuries Medias and only have a phone in theirs
hands.
Reference Link: https://www.facebook.com/mandalaypolice/
Retrieved Date: 5/11/2017
No comments:
Post a Comment