ႏွစ္လံုးထီေလာင္းကစားျပဳလုပ္သူအား အေရးယူ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ေအာက္တုိဘာ ၁၉ ေနစြဲျဖင့္
ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ ေအာက္တိုဘာ ၁၉
၁၈-၁၀-၂၀၁၇ ရက္ေန႔ ညေန ၃ နာရီအခ်ိန္ တုိင္းရဲအကူတပ္ဖြဲ႔ခြဲမွတပ္ဖြဲ႔၀င္မ်ား၊
အမွတ္(၆) နယ္ေျမရဲစခန္းမွတပ္ဖဲြ႔၀င္တုိ႔သည္ သက္ေသမ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ ခ်မ္းေအးသာစံ
ၿမိဳ႕နယ္၊ ေဒး၀န္းအေနာက္ရပ္ကြက္၊ လမ္း ၉၀၊ ၃၃x၃၄
လမ္းၾကားေန မအိၿဖိဳးေ၀ ၂၃ ႏွစ္၏ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ မအိၿဖိဳးေ၀ႏွင့္ ႏွစ္လံုးထီေလာင္းကစားျပဳလုပ္
ေနသူ ၎ရပ္ကြက္ေန ေဒၚသန္းျမင့္ ၄၅ ႏွစ္တုိ႔အား နွစ္လံုးထီေလာင္းကစားရာတြင္ အသံုးျပဳသည့္ပစၥည္းမ်ား
ေလာင္းေၾကးေငြ ၄၀၆၀၀ က်ပ္ ႏွင့္အတူ ဖမ္းဆီးရမိသျဖင့္ မအိၿဖိဳးေ၀ တို႔ ၂ ဦးအား အမွတ္(၆)နယ္ေျမရဲစခန္း
(ပ)၄၈၂/၂၀၁၇၊ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က)အရ အမႈဖြင့္ စစ္ေဆးလ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
နှစ်လုံးထီလောင်းကစားပြုလုပ်သူအား အရေးယူ
မန္တလေး၊ အောက်တိုဘာ ၁၉
၁၈-၁၀-၂၀၁၇ ရက်နေ့ ညနေ ၃ နာရီအချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များ၊
အမှတ်(၆) နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်တို့သည် သက်သေများနှင့်အတူ လောင်းကစားသတင်း အရ ချမ်းအေးသာစံ
မြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ လမ်း ၉၀၊ ၃၃x၃၄ လမ်းကြားနေ
မအိဖြိုးဝေ ၂၃ နှစ်၏ နေအိမ်အားဝင် ရောက်ရှာဖွေရာ မအိဖြိုးဝေနှင့် နှစ်လုံးထီလောင်းကစားပြုလုပ်
နေသူ ၎င်းရပ်ကွက်နေ ဒေါ်သန်းမြင့် ၄၅ နှစ်တို့အား နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်းများ၊
လောင်းကြေး ငွေ ၄၀၆၀၀ ကျပ် နှင့်အတူ ဖမ်းဆီးရမိသဖြင့် မအိဖြိုးဝေ တို့ ၂ ဦးအား အမှတ်(၆)နယ်မြေရဲစခန်း
(ပ)၄၈၂/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
This article first
appears in Mandalay Police news on October 19, 2017 of Mandalay Police Facebook
Page.
We acknowledged ©
of Mandalay Police and thus full credit given to Mandalay Police.
We are nonprofits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference Link:
https://www.facebook.com/mandalaypolice/
Retrieved Date:
19/10/2017
No comments:
Post a Comment