ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ စာမျက်နှာ
တွင် စက်တင်ဘာ ၂၇ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----
မကွေး ၊ စက်တင်ဘာ ၂၇
Unicode
နတ်မောက်မြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော နွားများ ဖမ်းဆီးရမိ
မကွေး ၊ စက်တင်ဘာ ၂၇
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီ ၃၅ မိနစ်အချိန်
မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့ဘက်မှ
နတ်မောက်မြို့ဘက်သို့ နွားများတရားမဝင်သယ်ဆောင်လာကြောင်း သတင်းအရ သက်သေများနှင့် အတူ
လိုက်လံဖမ်းဆီးစဉ် နတ်မောက်-စိုင်ကောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၀/၃)အနီး၌ မန္တလေး
တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်၊ သဲပုံမကျေးရွာနေ အောင်မင်းနိုင်(၃၂)နှစ်မောင်းနှင်ပြီး
သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာနေ ရဲမင်းနိုင်(၁၉)နှစ်၊ မိတ္ထီလာမြို့နယ်၊ ပျော်ကုန်းကျေးရွာနေ
အေးမင်းသူ(၁၈)နှစ်၊ ကျော်စိုး(၁၉)နှစ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဥသျှစ်ပင်ကျေးရွာနေ
နေလင်းဦး(၂၂)နှစ်နှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဘိုကုန်းကျေးရွာနေ
မင်းအောင် (၃၅)နှစ်တို့ လိုက်ပါလာသော 7J/×××× ဟီးနိုးအပြာရောင်(၁၂)ဘီးယာဉ်အား
ရပ်တန့်ထားသည်ကို တွေ့ရှိ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော နွားထီး(၃၀)ကောင်
အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် မင်းအောင်ပါ(၆)ဦးအား နတ်မောက်မြို့မရဲစခန်း
(ပ)၅၅၁/၂၀၁၇၊ အရေးကြီးကုန်စည်နှင် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
This article first appears in မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
news on Thursday, September 28, 2017 of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
Facebook.
We acknowledged © of မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
and thus full credit given to မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့.
We are nonprofits volunteers and we only retrieved this
news to support all communities who do not have luxuries Medias and only have a
phone in theirs hands.
Reference Link: https://www.facebook.com/magway.div.polmedia/
Retrieved Date: Thursday, September 28, 2017
No comments:
Post a Comment