နွစ္လံုးခ်ဲထီနွင့္ ေဘာလံုးပဲြေလာင္းကစားေနသူမ်ားအား ေလာင္းေၾကးေငြမ်ားနွင့္အတူ
ဖမ္းဆီးရမိ
ခဲ့ေၾကာင္း Mandalay Police Facebook စာမ်က္နွာတြင္
ယေန့ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏ ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊ စက္တင္ဘာ ၂၈
၂၇-၉-၂၀၁၇ ရက္ေန႔ ေန႔လည္ ၁၁ နာရီခဲြအခ်ိန္ ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားသည္
သက္ေသ မ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၂၁)၊ မုိးႀကိဳးကြက္သစ္ေန
ေက်ာ္ေက်ာ္ (ခ)ေက်ာ္ႀကီး ၄၅ႏွစ္၏ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ ေက်ာ္ေက်ာ္(ခ)ေက်ာ္ႀကီးအား
နွစ္လံုးထီ ေလာင္းကစားရာတြင္အသံုးျပဳသည့္စာရြက္စာတမ္းပစၥည္းမ်ား၊ ေလာင္းေၾကးေငြ ၅၈၀၀၀
က်ပ္ႏွင့္အတူ ဖမ္းဆီးရမိသျဖင့္ ျပည္ဦးလြင္ၿမိဳ႕မရဲစခန္း(ပ)၁၇၁/ ၂၀၁၇၊ ေလာင္းကစားပုဒ္မ
၁၅(က)/၁၆(က)အရလည္းေကာင္း၊ ညေန ၃ နာရီခဲြအခ်ိန္ အမွတ္(၇)နယ္ေျမရဲစခန္းမွ တပ္ဖဲြ႔၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ ေလာင္းကစား သတင္းအရ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေဒး၀န္းအေရွ႕ရပ္ကြက္၊ ရွမ္း၀ုိင္းရပ္ေန
မစႏၵာထြန္း(ခ)သႏၲာလင္း ၃၅ ႏွစ္၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရာ ၎အား ေနအိမ္ေအာက္ထပ္၌ႏွစ္လံုးထီေလာင္းကစားရာတြင္
အသံုးျပဳသည့္ စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြ ၇၆၀၀၀ က်ပ္ႏွင့္အတူ ေတြ႔ရိွသိမ္းဆည္းရမိသျဖင့္
မစႏၵာထြန္း(ခ) သႏၲာလင္းအား အမွတ္(၇)နယ္ေျမရဲစခန္း(ပ)၄၀၁/၂၀၁၇ ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က)
အရလည္းေကာင္း၊ ည ၇ နာရီအခ်ိန္ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
ေလာင္းကစား သတင္းအရ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ခ်မ္းျမသာယာရပ္ကြက္၊ ကြ်ဲဆည္ကန္(၁၂)လမ္းႏွင့္
လမ္းသြယ္(၃)ေထာင့္ရိွ သဲႀကီးကြမ္းယာဆုိင္၌ တင္ေမာင္လင္း(ခ)ငွက္ရုိး ၄၉ ႏွစ္၊ ေငြေတာ္က်ီကုန္းရပ္ကြက္၊
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္အား ေတြ႕ရွိ၍ ရွာေဖြရာ ၎ပုဆုိးခါးပံုစ အတြင္းမွ နုိင္ငံျခားေဘာလံုးေလာင္းကစားရာတြင္
အသံုးျပဳသည့္စာရြက္ စာတန္းမ်ား၊ ေလာင္းေၾကးေငြ ၁၀၆၀၀၀ က်ပ္၊ လက္ကုိင္ဖုန္း ၁ လံုးတုိ႔အား
ေတြ႕ရွိသိမ္းဆည္းရမိသျဖင့္ တင္ေမာင္လင္း(ခ)ငွက္ရုိးအား ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း(ပ)၇၄၃/၂၀၁၇
ေလာင္းကစားပုဒ္မ ၁၅(က)/၁၆(က) အရလည္းေကာင္း၊ ညေန ၃ နာရီ ၄၅ အခ်ိန္ တုိင္းရဲအကူတပ္ဖဲြ႔ခြဲမွ
တပ္ဖြဲ႕၀င္မ်ား၊ စက္မႈနယ္ေျမရဲစခန္းမွ တပ္ဖဲြ႔၀င္တုိ႔ပါ၀င္ေသာပူးေပါင္းအဖဲြ႔သည္ သက္ေသမ်ားႏွင့္အတူ
ေလာင္းကစားသတင္း အရ ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္၊ (စ်)ရပ္ကြက္၊ ကေနာင္မင္းသားႀကီးလမ္းႏွင့္
၅၅ လမ္းေထာင့္ရိွ ခင္ေမာင္ေထြး ၄၃ႏွစ္၏ လမ္းေဘးကြမ္းယာဆုိင္အား၀င္ ေရာက္စစ္ေဆးရာႏွစ္လံုးထီ
ေလာင္းကစားရာတြင္အသံုးျပဳသည့္ စာရြက္ စာတန္းမ်ား၊ ေလာင္းေၾကးေငြ ၄၀၁၀၀ က်ပ္တုိ႔ႏွင့္အတူ
ေတြ႔ရိွသိမ္းဆည္းရမိသျဖင့္ ခင္ေမာင္ေထြး အား စက္မႈနယ္ေျမရဲစခန္း(ပ)၃၂/၂၀၁၇ ေလာင္းကစားပုဒ္မ
၁၅(က)/ ၁၆(က) အရလည္းေကာင္း၊ ညေန ၅ နာရီခြဲအခ်ိန္ စက္မႈနယ္ေျမရဲစခန္းမွ တပ္ဖဲြ႔၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ ေလာင္းကစားသတင္းအရ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းႏွင့္
ေအာင္ေဇယ်လမ္းၾကား၊ ၆၃ လမ္းမေပၚတြင္ ၎ရပ္ကြက္ေန ေအာင္စံထြန္း(ခ)ဘစံ ၅၉ ႏွစ္၊ အား ေတြရိွရွာေဖြရာ
၎ကုိင္ေဆာင္လာသည့္ လက္ကုိင္အိတ္ အတြင္းမွ ႏွစ္လံုးထီေလာင္းကစားရာတြင္အသံုးျပဳသည့္ စာရြက္စာတမ္းမ်ား၊
ေလာင္းေၾကးေငြ ၂၃၇၀၀ က်ပ္တုိ႔အား ေတြ႔ရိွသိမ္းဆည္းရမိသျဖင့္ ေအာင္စံထြန္း(ခ) ဘစံအား
စက္မႈနယ္ေျမရဲစခန္း (ပ)၃၃/၂၀၁၇ ေလာင္းကစားပုဒ္မ ၁၅ (က)/၁၆(က)အရလည္းေကာင္း အသီးသီးအမႈဖြင့္
စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
Unicode
နှစ်လုံးချဲထီနှင့် ဘောလုံးပွဲလောင်းကစားနေသူများအား လောင်းကြေးငွေများနှင့်အတူ
ဖမ်းဆီးရမိ
မန္တလေး၊ စက်တင်ဘာ ၂၈
၂၇-၉-၂၀၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန် ပြင်ဦးလွင်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)၊
မိုးကြိုးကွက်သစ် နေ ကျော်ကျော်(ခ)ကျော်ကြီး ၄၅ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကျော်ကျော်(ခ)
ကျော်ကြီးအား နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့်စာ ရွက်စာတမ်းပစ္စည်းများ၊ လောင်းကြေးငွေ
၅၈၀၀၀ ကျပ်နှင့်အ တူဖမ်းဆီးရမိသဖြင့် ပြည်ဦးလွင်မြို့မရဲစခန်း (ပ)၁၇၁/ ၂၀၁၇၊ လောင်းကစားပုဒ်မ
၁၅(က)/၁၆(က)အရလည်းကောင်း၊ ညနေ ၃ နာရီခွဲအချိန် အမှတ်(၇)နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မဟာအောင်မြေ မြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ရှမ်းဝိုင်းရပ်နေ
မစန္ဒာထွန်း(ခ)သန္တာလင်း ၃၅ နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ၎င်းအား နေအိမ်အောက်ထပ်၌နှစ်လုံးထီလောင်းကစားရာတွင်
အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၇၆၀၀၀ ကျပ်နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိ
သဖြင့် မစန္ဒာထွန်း(ခ) သန္တာလင်းအား အမှတ်(၇)နယ်မြေရဲစခန်း (ပ)၄၀၁/၂၀၁၇ လောင်းကစား
ပုဒ်မ ၁၅(က)/၁၆(က) အရလည်းကောင်း၊ ည ၇ နာရီအချိန် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ လောင်းကစားသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊
ကျွဲဆည်ကန်(၁၂)လမ်းနှင့် လမ်းသွယ်(၃)ထောင့်ရှိ သဲကြီးကွမ်းယာဆိုင်၌ တင်မောင်လင်း(ခ)ငှက်ရိုး
၄၉ နှစ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်အားတွေ့ရှိ၍ ရှာဖွေရာ ၎င်းပုဆိုးခါးပုံစ
အတွင်းမှ နိုင်ငံခြားဘောလုံးလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတန်းများ၊ လောင်းကြေး
ငွေ ၁၀၆၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တင်မောင်လင်း(ခ)
ငှက်ရိုးအား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၇၄၃/ ၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)
အရလည်းကောင်း၊ ညနေ ၃ နာရီ ၄၅ အချိန် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေ
ရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လောင်းကစားသတင်း
အရ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းနှင့် ၅၅ လမ်းထောင့်ရှိ
ခင်မောင်ထွေး ၄၃ နှစ်၏ လမ်းဘေးကွမ်းယာဆိုင်အားဝင် ရောက်စစ်ဆေးရာနှစ်လုံးထီ လောင်းကစားရာတွင်အသုံးပြုသည့်
စာရွက်စာတန်းများ၊ လောင်းကြေး ငွေ ၄၀၁၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့်
ခင်မောင်ထွေး အား စက်မှုနယ်မြေရဲစခန်း (ပ)၃၂/၂၀၁၇ လောင်းကစား ပုဒ်မ ၁၅(က)/ ၁၆(က) အရလည်းကောင်း၊
ညနေ ၅ နာရီခွဲအချိန် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ
ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဇေယျလမ်းကြား၊ ၆၃ လမ်းမပေါ်တွင်
၎င်းရပ်ကွက်နေ အောင်စံထွန်း(ခ)ဘစံ ၅၉ နှစ်၊ အား တွေ့ရှိရှာဖွေရာ ၎င်းကိုင်ဆောင်လာသည့်လက်ကိုင်အိတ်အတွင်း
မှ နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၂၃၇၀၀
ကျပ်တို့အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်စံထွန်း(ခ) ဘစံအား စက်မှုနယ်မြေရဲစခန်း
(ပ)၃၃/၂၀၁၇ လောင်းကစားပုဒ်မ ၁၅ (က)/၁၆(က)အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
This article first appears in Mandalay Police news on
Thursday, September 28,
2017 of Mandalay Police Facebook.
We acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits volunteers and we only retrieved
this news to support all communities who do not have luxuries Medias and only
have a phone in theirs hands.
Reference Link: https://www.facebook.com/mandalaypolice/posts/955976571208766
Retrieved Date: 28/09/2017
No comments:
Post a Comment