ဆိုင္ကယ္ႏွစ္စီး အရွိန္မထိန္းနိုင္ဘဲ မ်က္ႏွာခ်င္းဆိုင္တိုက္မိ
မေကြး၊ စက္တင္ဘာ ၈
ဆိုင္ကယ္ႏွစ္စီး အရွိန္မထိန္းနိုင္ဘဲ မ်က္ႏွာခ်င္းဆိုင္တိုက္မိ
ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ
တြင္ေဖၚျပထား
ေဖၚျပခ်က္ အျပည့္အစုံမွာ -----
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္ေန႔ ည ၁၀ နာရီအခ်ိန္ မေကြးတိုင္းေဒသႀကီး၊
ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ခင္တဲေက်းရြာ၊ ေတာင္တြင္းႀကီး-ၿမိဳ႕သစ္ကားလမ္း မိုင္တိုင္အမွတ္(၂/၁)
အနီးတြင္ ဆိုင္ကယ္တိုက္မွုျဖစ္ပြားေၾကာင္း သတင္းအရ ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္
မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ ေတာင္တြင္းႀကီးဘက္မွ ၿမိဳ႕သစ္ဘက္သို႔
ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ေက်ာင္းကုန္းေက်းရြာေန ဖိုးသၾကၤန္(၁၇)ႏွစ္ေမာင္းႏွင္ၿပီး ၿမိဳ႕သစ္ၿမိဳ႕နယ္၊
ေဂြးကုန္းေက်းရြာေန ေအာင္ျပည့္ၿဖိဳး(၁၃)ႏွစ္၊ တစ္ရြာတည္းေန လွၿဖိဳးေအာင္(၁၇)ႏွစ္တို႔
လိုက္ပါ လာသည့္ ၁၈ယ/××××× ကန္ဘို-၁၁၀ အနက္ေရာင္ဆိုင္ကယ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ဘက္မွ
ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ေက်ာင္းကုန္းေက်းရြာေန ေအာင္နိုင္စိုး(၁၉)ႏွစ္ေမာင္းႏွင္ၿပီး
တစ္ရြာ တည္းေန ေအာင္ေဇာ္မိုး(၂၀)ႏွစ္တို႔လိုက္ပါလာသည့္ ၃၁ယ/×××××
Hi Bo Bo-110 အနက္ေရာင္ ဆိုင္ကယ္တို႔ လမ္းလယ္တြင္ အရွိန္မထိန္းနိုင္ဘဲ
မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ရာ (၅)ဦးစလုံးတြင္ ဒဏ္ရာမ်ားအသီးသီးရရွိခဲ့သျဖင့္ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ
ဖိုးသၾကၤန္ႏွင့္ ေအာင္နိုင္စိုး တို႔ (၂)ဦးအား ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းယာဥ္(ပ)၆၁/၂၀၁၇၊
ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇ ျဖင့္ အမွုဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
Credit
to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
References Link:
https://www.facebook.com/magway.div.polmedia/
ဆိုင်ကယ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိ
မကွေး၊ စက်တင်ဘာ ၈
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊
တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာ၊ တောင်တွင်းကြီး-မြို့သစ်ကားလမ်း မိုင်တိုင်အမှတ်(၂/၁)
အနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တောင်တွင်းကြီးဘက်မှ မြို့သစ်ဘက်သို့
တောင်တွင်းကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ဖိုးသင်္ကြန်(၁၇)နှစ်မောင်းနှင်ပြီး
မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာနေ အောင်ပြည့်ဖြိုး(၁၃)နှစ်၊ တစ်ရွာတည်းနေ လှဖြိုးအောင်(၁၇)နှစ်တို့
လိုက်ပါ လာသည့် ၁၈ယ/××××× ကန်ဘို-၁၁၀ အနက်ရောင်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဘက်မှ
တောင်တွင်းကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ အောင်နိုင်စိုး(၁၉)နှစ်မောင်းနှင်ပြီး
တစ်ရွာ တည်းနေ အောင်ဇော်မိုး(၂၀)နှစ်တို့လိုက်ပါလာသည့် ၃၁ယ/×××××
Hi Bo Bo-110 အနက်ရောင် ဆိုင်ကယ်တို့ လမ်းလယ်တွင် အရှိန်မထိန်းနိုင်ဘဲ
မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ (၅)ဦးစလုံးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ
ဖိုးသင်္ကြန်နှင့် အောင်နိုင်စိုး တို့ (၂)ဦးအား တောင်တွင်းကြီးမြို့မရဲစခန်းယာဉ်(ပ)၆၁/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Credit to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
References Link:
https://www.facebook.com/magway.div.polmedia/
No comments:
Post a Comment