Friday, September 8, 2017

စပါးအိတ္မ်ားတင္ေဆာင္ေမာင္းႏွင္လာသည့္ယာဥ္ ဝဲဘက္ေရွ႕ဘီးေပါက္၍ တိမ္းေမွာက္မွု ျဖစ္ပြား




စပါးအိတ္မ်ားတင္ေဆာင္ေမာင္းႏွင္လာသည့္ယာဥ္ ဝဲဘက္ေရွ႕ဘီးေပါက္၍ တိမ္းေမွာက္မွု ျဖစ္ပြား


မေကြး၊ စက္တင္ဘာ ၈

စပါးအိတ္မ်ားတင္ေဆာင္ေမာင္းႏွင္လာသည့္ယာဥ္ ဝဲဘက္ေရွ႕ဘီးေပါက္၍ တိမ္းေမွာက္မွု ျဖစ္ပြား ေၾကာင္း မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕ Facebook စာမ်က္နွာ တြင္ေဖၚျပထား
ေဖၚျပခ်က္ အျပည့္အစုံမွာ -----
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္ေန႔ နံနက္ ၂ နာရီ ၄၀ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး၊ ဂန႔္ေဂါၿမိဳ႕နယ္၊ ဟံသာဝတီေဆး႐ုံတြင္ ယာဥ္တိမ္းေမွာက္မွုေၾကာင့္ လူနာမ်ားေရာက္ရွိေနေၾကာင္း သတင္းအရ ကန္နယ္ေျမရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆး ခဲ့ရာ စက္တင္ဘာလ ၆ ရက္ေန႔ ညေန ၄ နာရီ ၁၀ မိနစ္အခ်ိန္ခန႔္က ကေလးကားလမ္းအတိုင္း ေဆးမင္ေတာေက်းရြာဘက္မွ ေထာက္ၾကန႔္ေက်းရြာဘက္သို႔ ကေလးၿမိဳ႕နယ္၊ ေထာက္ၾကန႔္ ေက်းရြာေန ဦးလွေဖ(၅၂)ႏွစ္ေမာင္းႏွင္ၿပီး တစ္ရြာတည္းေန ဇနီးျဖစ္သူ ေဒၚေဌးရီ(၅၀)ႏွစ္ႏွင့္ အလုပ္သမားျဖစ္သည့္ ေဇာ္လင္း(၃၀)ႏွစ္၊ ဦးျမင့္ေဖ(၅၄)ႏွစ္၊ ဦးမင္းေနာင္(၄၆)ႏွစ္တို႔ လိုက္ပါ လာသည့္ 7J/×××× SKAT အျဖဴေရာင္(၆)ဘီးယာဥ္သည္ စပါးအိတ္(၅၀)အိတ္ တင္ေဆာင္ ေမာင္းႏွင္လာစဥ္ မိုင္တိုင္အမွတ္(၂၃/၃-၄)ၾကားအေရာက္ ဝဲဘက္ေရွ႕ဘီးေပါက္၍ တိမ္းေမွာက္သြား ခဲ့ရာ ေဒၚေဌးရီ၊ ေဇာ္လင္း၊ ဦးျမင့္ေဖႏွင့္ ဦးမင္းေနာင္တို႔တြင္ ဒဏ္ရာမ်ားအသီးသီးရရွိခဲ့ေၾကာင္း စစ္ေဆးသိရွိရသျဖင့္ ယာဥ္ေမာင္း ဦးလွေဖ အား ကန္နယ္ေျမရဲစခန္းယာဥ္(ပ)၉/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇ ျဖင့္ အမွုဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
Credit to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
References Link: https://www.facebook.com/magway.div.polmedia/

စပါးအိတ်များတင်ဆောင်မောင်းနှင်လာသည့်ယာဉ် ဝဲဘက်ရှေ့ဘီးပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွား
မကွေး၊ စက်တင်ဘာ ၈
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီဆေးရုံတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူနာများရောက်ရှိနေကြောင်း သတင်းအရ ကန်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ရာ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်က ကလေးကားလမ်းအတိုင်း ဆေးမင်တောကျေးရွာဘက်မှ ထောက်ကြန့်ကျေးရွာဘက်သို့ ကလေးမြို့နယ်၊ ထောက်ကြန့် ကျေးရွာနေ ဦးလှဖေ(၅၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ဇနီးဖြစ်သူ ဒေါ်ဌေးရီ(၅၀)နှစ်နှင့် အလုပ်သမားဖြစ်သည့် ဇော်လင်း(၃၀)နှစ်၊ ဦးမြင့်ဖေ(၅၄)နှစ်၊ ဦးမင်းနောင်(၄၆)နှစ်တို့ လိုက်ပါ လာသည့် 7J/×××× SKAT အဖြူရောင်(၆)ဘီးယာဉ်သည် စပါးအိတ်(၅၀)အိတ် တင်ဆောင် မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၂၃/၃-၄)ကြားအရောက် ဝဲဘက်ရှေ့ဘီးပေါက်၍ တိမ်းမှောက်သွား ခဲ့ရာ ဒေါ်ဌေးရီ၊ ဇော်လင်း၊ ဦးမြင့်ဖေနှင့် ဦးမင်းနောင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ယာဉ်မောင်း ဦးလှဖေ အား ကန်နယ်မြေရဲစခန်းယာဉ်(ပ)၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Credit to: မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕

References Link: https://www.facebook.com/magway.div.polmedia/

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...