သီဟတင္စိုးႀကံဳေတြ႕ခဲ့ရတဲ့
အမႈအေပၚ အႏုပညာရွင္တခ်ိဳ့ရဲ႕ အျမင္နွင့္ ေျပာၾကားခ်က္မ်ား
ဇူလုိင္လ ၁၈ ရက္ ေန့မွာေတာ့
အမႈမွန္က ေပၚေပါက္လာၿပီျဖစ္ကာ လိမ္လည္တိုင္ၾကားခဲ့သူ အမ်ိဳးသမီးကို သု၀ဏၰရဲစခန္းမွ
ထိန္းသိမ္းထားျပီး ျဖစ္ေႀကာင္းလည္း သိရပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အႏုပညာ အသိုင္းအ၀ိုင္းမွ
အႏုပညာရွင္တခ်ိဳ႕၏ ေျပာၾကားခ်က္မ်ားကုိ တင္ျပထားပါတယ္။
ေနထက္လင္း
ေတြ့ရျမင္ရသေလာက္ကေတာ့ ေငြညွစ္တာေပါ့ေနာ္။
လူတေယာက္ဆီက ပိုက္ဆံလိုခ်င္လို့ နည္းမ်ိုးစံု သံုးျပီးေတာ့ လုပ္တာေပါ့။ အဲ့လိုမ်ိုးျမင္မိပါတယ္။
က်ေနာ္တို့အစ္ကိုက က်ေနာ္တို့ေလးစားရတဲ့ အစ္ကို တေယာက္ပါ။ အဲ့လိုလုပ္မယ့္ လူ မဟုတ္ပါဘူး။
ဇာတ္ကားေတြလည္း အမ်ားျကီး ရိုက္ခဲ့တယ္။ မဇင္မာဆိုလည္း က်ေနာ္တို့ အရမ္းေလးစားရတဲ့သူ
ျဖစ္တယ္။ မဇင္မာ အလွကလည္း အရမ္းကိုေငးယူရတဲ့ အလွျဖစ္တယ္။ ဒီလို အဆင့္အတန္းမ်ိုးနဲ့
ဘယ္လိုမွ မျဖစ္နိုင္ပါဘူး
ေဝဠဳေက်ာ္
ကၽြန္ေတာ္တို႔ အစ္ကို႔အတြက္ေတာ့
စိတ္မေကာင္းပါဘူး။ ကၽြန္ေတာ္တို႔ အစ္ကို႔ကို သနားတယ္။ ဘယ္သူ မွားတယ္၊ မွန္တယ္ဆိုတာကို
ေျပာေနတာထက္ တရားဥပေဒအတိုင္းက လုပ္ေဆာင္သြားပါလိမ့္မယ္။ အမွန္အတိုင္း ျဖစ္ေစခ်င္ပါတယ္။
အစ္ကိုက အႏုပညာအလုပ္ေတြလည္း မလုပ္ေတာ့ဘူး။ သူတို႔ဘာသာေအးေအးေဆးေဆးေနေနတာ။ အခုလိုမ်ိဳး
သတင္းေတြ ထြက္လာရတာ သူ႔အတြက္ေတာ့ ေတာ္ေတာ္ကို မေကာင္းပါဘူး။ အမႈမွန္ အျမန္ဆံုးေပၚလာမွာပါ။
မင္းဦး
အမွန္တရားေပၚလာတဲ့အတြက္ ၀မ္းသာပါတယ္။
ဒီကိစၥက အရင္ကတည္းက မဟုတ္ဘူးဆိုတာ သိၿပီးသားပါ။ အစ္ကိုက အဲဒီလိုလူမ်ိဳး မဟုတ္ဘူး။အခုလိုမ်ိဳး
ျဖစ္သြားရတာေတာ့ စိတ္မေကာင္းဘူးေပါ့ေနာ္။ ေနာက္လူေတြအတြက္လည္း ဆင္ျခင္စရာ ပညာရသြားတာေပါ။
အမႈမွန္ေပၚသြားတယ္ဆိုေပမယ့္ မိသားစုအတြက္ေတာ့ ထိခိုက္မႈေတြ ရွိတာေပါ့ေနာ္။ အမႈမွန္အျမန္ဆံုး
ေပၚသြားတာကပဲ ေကာင္းသြားပါၿပီ။
ခ်စ္ခ်စ္ေဇာ္
၀မ္းသာလြန္းလို႔ ငိုေတာင္ ငိုခ်င္တယ္။အစကတည္းက
အစ္မေျပာသားပဲ။ မဟုတ္ဘူးဆိုတာသိတယ္။ ကိုယ့္အစ္ကိုဘက္က ယံုႀကည္တယ္။ကိုယ့္အစ္ကိုအေႀကာင္း
ကိုသိတယ္ေလ။ အခု အစ္ကိုတို႔အိမ္မွာ ေရာက္ေနတာ။ကိုသီဟတို႔ လင္မယားကေတာ့ အခုရဲစခန္းမွာ
ရွင္းစရာ ရွိတာေတြသြားရွင္းေနၾကတယ္။
ဦး၀င္းၿမိဳင္
တကယ္ျဖစ္လို႔တကယ္ခံရတာ ျပႆနာမရွိပါဘူး။
ဦးတာ၀န္ထမ္းေဆာင္ခဲ့ခ်ိန္တုန္းကေတာ့ ဒီလိုအမႈမ်ိဳး ျဖစ္ၿပီဆိုရင္ ရဲစခန္းမွာျဖစ္ျဖစ္၊
တရားရံုးမွာပဲ ျဖစ္ျဖစ္ စစ္ေဆးၿပီဆိုရင္ အရွက္တရားေတြ ဖယ္လိုက္ေတာ့။ ျဖစ္တဲ့အရာကို
အေသးစိတ္ေျပာရေတာ့တာပဲေလ။ တကယ္မဟုတ္ဘူးဆိုရင္ ကြဲလြဲမႈေတြ ေပၚလာတာပဲ။ တကယ္မဟုတ္တဲ့အတြက္
စိုးရိမ္စရာေတာ့ မရွိပါဘူး။ ေလာေလာဆယ္ေတာ့ အရွက္တကြဲ၊ အက်ိဳးနည္းႀကီး ျဖစ္ရတာေပါ့ေလ။
တကယ္မဟုတ္ပဲ မိသားစုထိခိုက္နစ္နာတယ္။ ကေလးေတြ စိတ္ဒဏ္ရာရေစတယ္။ အႏုပညာအသိုင္းအ၀ိုင္းအတြက္လည္း
နာမည္ပ်က္တယ္။ သူတို႔ေတြက အဖြဲေတြဖြဲ႕ၿပီးေတာ့ လုပ္ေနႀကတာ။ သူတို႔ကို ျပင္းျပင္းထန္ထန္
အေရးယူသင့္တယ္။ ဒီလိုမ်ိဳး သိကၡာပိုင္းဆိုင္ရာ ထိခိုက္ေအာင္လုပ္လာရင္ တိုင္းျပည္နဲ႔ခ်ီၿပီး
နစ္နာပါတယ္။
References: The Irrawaddy, Akon
Thi
ေလးစားစြာျဖင့္
နွင္းေမာင္
Unicode
သီဟတင်စိုးကြုံတွေ့ခဲ့ရတဲ့
အမှုအပေါ် အနုပညာရှင်တချို့ရဲ့ အမြင်နှင့် ပြောကြားချက်များ
ဇူလိုင်လ
၁၈ ရက် နေ့မှာတော့ အမှုမှန်က ပေါ်ပေါက်လာပြီဖြစ်ကာ လိမ်လည်တိုင်ကြားခဲ့သူ အမျိုးသမီးကို
သုဝဏ္ဏရဲစခန်းမှ ထိန်းသိမ်းထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး
အနုပညာ အသိုင်းအဝိုင်းမှ အနုပညာရှင်တချို့၏ ပြောကြားချက်များကို တင်ပြထားပါတယ်။
နေထက်လင်း
တွေ့ရမြင်ရသလောက်ကတော့
ငွေညှစ်တာပေါ့နော်။ လူတယောက်ဆီက ပိုက်ဆံလိုချင်လို့ နည်းမျိုးစုံ သုံးပြီးတော့ လုပ်တာပေါ့။
အဲ့လိုမျိုးမြင်မိပါတယ်။ ကျနော်တို့အစ်ကိုက ကျနော်တို့လေးစားရတဲ့ အစ်ကို တယောက်ပါ။
အဲ့လိုလုပ်မယ့် လူ မဟုတ်ပါဘူး။ ဇာတ်ကားတွေလည်း အများကြီး ရိုက်ခဲ့တယ်။ မဇင်မာဆိုလည်း
ကျနော်တို့ အရမ်းလေးစားရတဲ့သူ ဖြစ်တယ်။ မဇင်မာ အလှကလည်း အရမ်းကို ငေးယူရတဲ့ အလှဖြစ်တယ်။
ဒီလို အဆင့်အတန်းမျိုးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး
ဝေဠုကျော်
ကျွန်တော်တို့
အစ်ကို့အတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ အစ်ကို့ကို သနားတယ်။ ဘယ်သူ မှားတယ်၊
မှန်တယ်ဆိုတာကို ပြောနေတာထက် တရားဥပဒေအတိုင်းက လုပ်ဆောင်သွားပါလိမ့်မယ်။ အမှန်အတိုင်း
ဖြစ်စေချင်ပါတယ်။ အစ်ကိုက အနုပညာအလုပ်တွေလည်း မလုပ်တော့ဘူး။ သူတို့ဘာသာ အေးအေးဆေးဆေးနေနေတာ။
အခုလိုမျိုး သတင်းတွေ ထွက်လာရတာ သူ့အတွက်တော့ တော်တော်ကို မကောင်းပါဘူး။ အမှုမှန် အမြန်ဆုံးပေါ်လာမှာပါ။
မင်းဦး
အမှန်တရားပေါ်လာတဲ့အတွက်
ဝမ်းသာပါတယ်။ ဒီကိစ္စက အရင်ကတည်းက မဟုတ်ဘူးဆိုတာ သိပြီးသားပါ။ အစ်ကိုက အဲဒီလိုလူမျိုး
မဟုတ်ဘူး။အခုလိုမျိုး ဖြစ်သွားရတာတော့ စိတ်မကောင်းဘူးပေါ့နော်။ နောက်လူတွေအတွက်လည်း
ဆင်ခြင်စရာ ပညာရသွားတာပေါ။ အမှုမှန်ပေါ်သွားတယ်ဆိုပေမယ့် မိသားစုအတွက်တော့ ထိခိုက်မှုတွေ
ရှိတာပေါ့နော်။ အမှုမှန်အမြန်ဆုံး ပေါ်သွားတာကပဲ ကောင်းသွားပါပြီ။
ချစ်ချစ်ဇော်
ဝမ်းသာလွန်းလို့
ငိုတောင် ငိုချင်တယ်။အစကတည်းက အစ်မပြောသားပဲ။ မဟုတ်ဘူးဆိုတာသိတယ်။ ကိုယ့်အစ်ကိုဘက်က
ယုံကြည်တယ်။ကိုယ့်အစ်ကိုအကြောင်း ကိုသိတယ်လေ။ အခု အစ်ကိုတို့အိမ်မှာ ရောက်နေတာ။ကိုသီဟတို့
လင်မယားကတော့ အခုရဲစခန်းမှာ ရှင်းစရာ ရှိတာတွေသွားရှင်းနေကြတယ်။
ဦးဝင်းမြိုင်
တကယ်ဖြစ်လို့တကယ်ခံရတာ
ပြဿနာမရှိပါဘူး။ ဦးတာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းကတော့ ဒီလိုအမှုမျိုး ဖြစ်ပြီဆိုရင်
ရဲစခန်းမှာဖြစ်ဖြစ်၊ တရားရုံးမှာပဲ ဖြစ်ဖြစ် စစ်ဆေးပြီဆိုရင် အရှက်တရားတွေ ဖယ်လိုက်တော့။
ဖြစ်တဲ့အရာကို အသေးစိတ်ပြောရတော့တာပဲလေ။ တကယ်မဟုတ်ဘူးဆိုရင် ကွဲလွဲမှုတွေ ပေါ်လာတာပဲ။
တကယ်မဟုတ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ လောလောဆယ်တော့ အရှက်တကွဲ၊ အကျိုးနည်းကြီး
ဖြစ်ရတာပေါ့လေ။ တကယ်မဟုတ်ပဲ မိသားစုထိခိုက်နစ်နာတယ်။ ကလေးတွေ စိတ်ဒဏ်ရာရစေတယ်။ အနုပညာအသိုင်းအဝိုင်းအတွက်လည်း
နာမည်ပျက်တယ်။ သူတို့တွေက အဖွဲတွေဖွဲ့ပြီးတော့ လုပ်နေကြတာ။ သူတို့ကို ပြင်းပြင်းထန်ထန်
အရေးယူသင့်တယ်။ ဒီလိုမျိုး သိက္ခာပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်လာရင် တိုင်းပြည်နဲ့ချီပြီး
နစ်နာပါတယ်။
References:
The Irrawaddy, Akon Thi
လေးစားစွာဖြင့်
နှင်းမောင်
No comments:
Post a Comment