Monday, July 16, 2018

အသက္ ၅၅ နွစ္အရြယ္ အမ်ိဳးသားမွ အသက္ သုံးနွစ္အရြယ္ မိန္းကေလးငယ္အား မုဒိမ္းက်င့္မွဳျဖစ္ပြား




အသက္ ၅၅ နွစ္အရြယ္ အမ်ိဳးသားမွ အသက္ သုံးနွစ္အရြယ္ မိန္းကေလးငယ္အား မုဒိမ္းက်င့္မွဳျဖစ္ပြား



ကခ်င္ျပည္နယ္ မိုညႇင္းၿမိဳ႕ ေအာင္သေျပရပ္ကြက္ေန အသက္၃ႏွစ္အရြယ္ မိန္းကေလးငယ္ တဦးကို အသက္ ၅၅ နွစ္အရြယ္ အမ်ိဳးသားတစ္ဦးမွ သားမယားျပဳက်င့္ခဲ႔ျခင္းျဖစ္ပါသည္။

ျဖစ္စဥ္မွာ ဇူလုိင္ ၁၀ ရက္ ေနမြန္းတည္ ၁၂ နာရီတြင္ မုိးညွင္းျမဳိ့ ေအာင္သေျပ ၂ ရပ္ကြက္ေန ေဒၚ --- သည္ သမီးျဖစ္သူ မ--- သုံးနွစ္အရြယ္ကုိ ဦးတူးလြန္ ဆုိသူ၏ ေနအိမ္တြင္ အပ္နွံထားခဲ့စဥ္ ဦးတူးလြန္ မွ မ--- သုံးနွစ္အရြယ္ကုိ သားမယားအျဖစ္ ျပဳက်င့္ခဲ့မွဳျဖစ္ပါသည္။ ယခင္ကလည္း ထုိ့ကဲ့သုိ့ ထားခဲ့ေလ့ရွိေၾကာင္းလည္း သိရသည္။

အျဖစ္မွန္ေပၚေပါက္လာပုံမွာ ထုိ့ေန့မြန္းလဲြ ၁ နာရီတြင္ ေဒၚ---- မွ အပ္နွံထားခဲ့ေသာ သမီးျဖစ္သူ သုံးနွစ္အရြယ္အား ဦးတူးလြန္၏ ေနအိမ္မွ သမီးျဖစ္သူကုိ သြားေရာက္ေခၚေဆာင္ခဲ့ရာမွာ သမီးျဖစ္သူမွ အမူအရာျဖင့္ ၎အား ဦးတူးလြန္မွ သားမယားျပဳက်င့္ခဲ့ေၾကာင္းျပသခဲ့သျဖင့္ သမီးျဖစ္သူ ဝတ္ထားေသာ ေဘာင္းဘီအား ခြ်တ္ၾကည့္ရာ မိန္းမကုိယ္တြင္ ေသြးမ်ားထြက္ေနသည္ကုိ ေတြ့ရွိခဲ့ရျပီး သမီးျဖစ္သူမွ ဗုိက္ေအာင့္ေၾကာင္းေျပာသျဖင့္ က်န္းမာေရးဆရာမ ေဒၚဂ်ာေကာအား ျပသခဲ့ျပီး ေအာင္သေျပရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဳး ဦးေနာ္လာအား အေၾကာင္းၾကားခဲ့ေသာ အမွဳျဖစ္ပါသည္။

ထုိ့ေနာက္ ေဒၚ--- မွ ေန့တြင္းခ်င္း ဇူလုိင္ ၁၀ ရက္ေန့ ည ၉ နာရီ ၅  မိနစ္တြင္ တရားလုိျပဳလုပ္ျပီး မုိးညွင္းျမဳိ့မ ရဲစခန္းသုိ့ အမွဳဖြင့္တုိင္ၾကားခဲ့ပါသည္၊ သက္ငယ္မုဒိမ္းမွဳ က်ဴးလြန္သူ တူးလြန္ ၅၅ နွစ္ ေအာင္သေျပ ၁ ရက္ကြက္၊ မုိးညွင္းျမိဳ့ေနသူအား မုိးညွင္းျမိဳ့မရဲစခန္းမွ (ပ)၁၈၂/ ၂၀၁၈၊ ျပစ္မွဳဥပေဒပုဒ္မ ၃၇၆ အမွဳၾကီးအမွတ္စဥ္ (၃/ ၂၀၁၈) ျဖင့္ ဖမ္းဆီးအေရးယူေဆာင္ရြတ္လွ်က္ရွိေၾကာင္းသိရသည္။

တည္းျဖတ္ နွင္းေမာင္ (ျဖစ္ရပ္မွန္ သတင္းမ်ား)

Unicode
အသက် ၅၅ နှစ်အရွယ် အမျိုးသားမှ အသက် သုံးနှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းကျင့်မှုဖြစ်ပွား

ကချင်ပြည်နယ် မိုညှင်းမြို့ အောင်သပြေရပ်ကွက်နေ အသက်၃နှစ်အရွယ် မိန်းကလေးငယ် တဦးကို အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ပါသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် နေမွန်းတည် ၁၂ နာရီတွင် မိုးညှင်းမြို့ အောင်သပြေ ၂ ရပ်ကွက်နေ ဒေါ် --- သည် သမီးဖြစ်သူ မ--- သုံးနှစ်အရွယ်ကို ဦးတူးလွန် ဆိုသူ၏ နေအိမ်တွင် အပ်နှံထားခဲ့စဉ် ဦးတူးလွန် မှ မ--- သုံးနှစ်အရွယ်ကို သားမယားအဖြစ် ပြုကျင့်ခဲ့မှုဖြစ်ပါသည်။ ယခင်ကလည်း ထို့ကဲ့သို့ ထားခဲ့လေ့ရှိကြောင်းလည်း သိရသည်။

အဖြစ်မှန်ပေါ်ပေါက်လာပုံမှာ ထို့နေ့မွန်းလွဲ ၁ နာရီတွင် ဒေါ်---- မှ အပ်နှံထားခဲ့သော သမီးဖြစ်သူ သုံးနှစ်အရွယ်အား ဦးတူးလွန်၏ နေအိမ်မှ သမီးဖြစ်သူကို သွားရောက်ခေါ်ဆောင်ခဲ့ရာမှာ သမီးဖြစ်သူမှ အမူအရာဖြင့် ၎င်းအား ဦးတူးလွန်မှ သားမယားပြုကျင့်ခဲ့ကြောင်းပြသခဲ့သဖြင့် သမီးဖြစ်သူ ဝတ်ထားသော ဘောင်းဘီအား ချွတ်ကြည့်ရာ မိန်းမကိုယ်တွင် သွေးများထွက်နေသည်ကို တွေ့ရှိခဲ့ရပြီး သမီးဖြစ်သူမှ ဗိုက်အောင့်ကြောင်းပြောသဖြင့် ကျန်းမာရေးဆရာမ ဒေါ်ဂျာကောအား ပြသခဲ့ပြီး အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနော်လာအား အကြောင်းကြားခဲ့သော အမှုဖြစ်ပါသည်။

ထို့နောက် ဒေါ်--- မှ နေ့တွင်းချင်း ဇူလိုင် ၁၀ ရက်နေ့ ည ၉ နာရီ ၅  မိနစ်တွင် တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ပါသည်၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တူးလွန် ၅၅ နှစ် အောင်သပြေ ၁ ရက်ကွက်၊ မိုးညှင်းမြို့နေသူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၈၂/ ၂၀၁၈၊ ပြစ်မှုဥပဒေပုဒ်မ ၃၇၆ အမှုကြီးအမှတ်စဉ် (၃/ ၂၀၁၈) ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွတ်လျှက်ရှိကြောင်းသိရသည်။

တည်းဖြတ် နှင်းမောင် (ဖြစ်ရပ်မှန် သတင်းများ)

No comments:

Post a Comment

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး

အဆိုေတာ္ ေရႊထိုက္ႏွင့္ အမ်ိဳးသားတစ္ဦးအား မူးယစ္ေဆး၀ါးလက္ဝယ္ေတြ႔ရိွမႈျဖင့္ ဖမ္းဆီး ရန္ကုန္၊ ၾသဂုတ္ ၁၀ ၊ ၂၀၁၈ အဆိုေတာ္ ေ...