မူးယစ္သတင္းအရ
လက္ဖက္ရည္ဆုိင္အတြင္း ထုိင္ေနသူအား မသကၤာစစ္ေဆးရာ ၀တ္ဆင္ထားသည့္ အက်ႌီ အိတ္ကပ္အတြင္းမွ
မူးယစ္ေဆး၀ါးသိမ္းဆည္းရမိ ခဲ့ေၾကာင္း Mandalay
Police Facebook စာမ်က္နွာတြင္ ဇန္န၀ါရီ ၁၇၊၂၀၁၈ ေနစြဲျဖင့္ ေဖၚျပထားပါတယ္။
၎၏
ေဖၚျပခ်က္ အျပည့္အစုံမွာ ----
မႏၲေလး၊
ဇန္န၀ါရီ ၁၇
၁၆-၁-၂၀၁၈
ရက္ေန႔ ည ၉ နာရီ ၄၀ အခ်ိန္ မူးယစ္တပ္ဖဲြ႔စု(၁၈)မွတပ္ဖဲြ႔၀င္မ်ား၊ အမွတ္(၁၁)နယ္ေျမ ရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားသည္
သက္ေသမ်ားႏွင့္အတူ မူးယစ္သတင္းအရ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၁) ရပ္ကြက္၊ ၆၂ လမ္း၊
အရုိးကုေဆးရံု၀န္းအတြင္းရိွ ကေဖးႏွင့္အေအးဆုိင္ အတြင္းထုိင္ေနသူ ေ၀ၚတာ(ခ)ေစာထက္ ၅၅
ႏွစ္၊ ေအာင္ျမရြာ၊ မုိးမိတ္ၿမိဳ႕ေနသူ၊ တင္သန္းေဇာ္(ခ)အီမုိ ၂၃ႏွစ္၊ ေဒး၀န္းအေနာက္ရပ္ကြက္၊
ခ်မ္းေအးသာစံ ၿမိဳ႕နယ္ ေနသူႏွင့္ သက္စုိးခုိင္(ခ)ဖုိးသား ၃၂ ႏွစ္၊ မင္းတဲအီကင္းရပ္ကြက္၊
ေအာင္ေျမသာစံၿမိဳ႕နယ္ ေနသူတုိ႔ ၃ ဦးအား ရွာေဖြရာ ေ၀ၚတာ(ခ)ေစာထက္ ၀တ္ဆင္ထားသည့္ အေႏြးအက်ႌလက္ရွည္
၀ဲဘက္ေအာက္ အိပ္ကပ္ အတြင္းမွအနက္ေရာင္ ျကႊပ္ျကႊပ္အိတ္ျဖင့္ထားေသာ အျပာေရာင္ကပ္ခႊာအိတ္
၁ အိတ္လ်င္ 88/1 စာတန္းပါ နီညုိေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား ၂၀၀ ျပားစီပါ ၈ ထုပ္၊ ၁၆၀၀ ျပား၊
၁၆၅ ျပားပါ ၁ ထုပ္၊ ေပါင္း ၁၇၆၅ ျပား၊ WY စာတန္းပါ ပန္းေရာင္
စိတ္ၾကြရူးသြပ္ေဆးျပား ၂၀၀ ျပား၊ စုစုေပါင္းေဆးျပား ၁၉၅၆ ျပား၊ အေလးခ်ိန္ ၁၉၆.၅ဂရမ္
(ေဒသေပါက္ေစ်း ၁ ျပားလ်င္ ၅၀၀၀ က်ပ္ႏႈန္းျဖင့္ တန္ဖုိး ၉၈၂၅၀၀၀ က်ပ္ခန္႔)အား သိမ္းဆည္းရမိသျဖင့္
ေ၀ၚတာ(ခ)ေစာထက္ပါ၃ ဦးအား အမွတ္(၁၁)နယ္ေျမရဲစခန္း တြင္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိေျပာင္းလဲေစေသာ
ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒအရအမႈဖြင့္အေရးယူထားေၾကာင္း သတင္းရွိသည္။
Unicode
မူးယစ်သတင်းအရ
လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသူအား မသင်္ကာစစ်ဆေးရာ ဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းမှ
မူးယစ်ဆေးဝါးသိမ်းဆည်းရမိ
မန္တလေး၊
ဇန်နဝါရီ ၁၇
၁၆-၁-၂၀၁၈
ရက်နေ့ ည ၉ နာရီ ၄၀ အချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁) နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ မူးယစ်သတင်းအရ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၂ လမ်း၊
အရိုးကုဆေးရုံဝန်းအတွင်းရှိ ကဖေးနှင့်အအေးဆိုင် အတွင်းထိုင်နေသူ ဝေါ်တာ(ခ)စောထက် ၅၅
နှစ်၊ အောင်မြရွာ၊ မိုးမိတ်မြို့နေသူ၊ တင်သန်းဇော် (ခ)အီမို ၂၃ နှစ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊
ချမ်းအေးသာစံမြို့နယ် နေသူနှင့် သက်စိုးခိုင်(ခ)ဖိုးသား ၃၂ နှစ်၊ မင်းတဲအီကင်းရပ်ကွက်၊
အောင်မြေသာစံမြို့နယ် နေသူတို့ ၃ ဦးအား ရှာဖွေရာ ဝေါ်တာ(ခ)စောထက် ဝတ်ဆင်ထားသည့် အနွေးအင်္ကျီလက်ရှည်
ဝဲဘက်အောက် အိပ်ကပ် အတွင်းမှအနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထားသော အပြာရောင်ကပ်ခွာအိတ်
၁ အိတ်လျင် 88/1 စာတန်းပါ နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၈ ထုပ်၊ ၁၆၀၀ ပြား၊
၁၆၅ ပြားပါ ၁ ထုပ်၊ ပေါင်း ၁၇၆၅ ပြား၊ WY စာတန်းပါ ပန်းရောင်
စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ စုစုပေါင်းဆေးပြား ၁၉၅၆ ပြား၊ အလေးချိန် ၁၉၆.၅ဂရမ်(ဒေသပေါက်စျေး
၁ ပြားလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၉၈၂၅၀၀၀ ကျပ်ခန့်)အား သိမ်း ဆည်းရမိသဖြင့်
ဝေါ်တာ(ခ)စောထက်ပါ၃ ဦးအား အမှတ်(၁၁)နယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ
ဥပဒေအရအမှုဖွင့် အရေး ယူထားကြောင်း သတင်း ရရှိသည်။
This
article first appears in Mandalay Police news on January 17, 2018 of Mandalay
Police Facebook Page.
We
acknowledged © of Mandalay Police and thus full credit given to Mandalay
Police.
We are non-profits
volunteers and we only retrieved this news to support all communities from
Myanmar who do not know how to get access the news and have no luxuries Medias
and only have a phone in theirs hands.
Reference
Link: https://www.facebook.com/mandalaypolice/
Retrieved
Date: 19/01/2018
No comments:
Post a Comment