Sunday, October 15, 2017

နေပြည်တော် လေဆိပ်မှာ ခရီးသည် ၃ယောက်ဆီက သေနတ် နှစ်လက်နဲ့ မူးယစ်ဆေးမိ




နေပြည်တော် အောက်တိုဘာ ၁၅

နေပြည်တော်လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ ၂ ဦးတို့ထံမှ သေနတ် ၂ လက်နှင့် ဆေးပြားလေးပြား ရှာဖွေတွေ့ရှိကြောင်း BBC နှင့် News Watch သတင်းတွေ ကဖေါ်ပြကြပါတယ်။

ဖြစ်စဉ်မှာ ဦးဖြိုးကိုကိုတင့်ဆန်းI ဦးရဲမင်းဆွေနှင့်ဦးဇော်ဝင်းထိုက်တို့သည် နေပြည်တော်မှ ရန်ကုန်သို့ ၁၉း၁၅ အချိန် MNA လေကြောင်း UB-142/ATR-72/XYAJZ ဖြင့် လိုက်ပါမည်ဖြစ်ရာ ၎င်းတို့နှင့်ပါရှိသောခရီးဆောင်အိတ်များအား လေယာဉ်ပေါ်တင်ဆောင်ရန် Airline ဝင်/ထွက်ပေါက်တွင်X-ray စက်တွင်လုံခြုံရေးအဖွဲ့က စစ်ဆေးစဉ်သေနတ်နှင့်ကျည်ဆံများပါရှိကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အောက်တိုဘာလ ၁၅ ရက် ညပိုင်းမှာ နေပြည်တော် ကနေ ရန်ကုန်သို့ လိုက်ပါစီးနင်းမယ့် လေကြောင်းခရီးသည်များဖြစ်သည့် ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အပေါင်းပါ နှစ်ယောက် တို့ရဲ့ ခရီးဆောင်အိတ်တွေကို X Ray စက်နဲ့ စစ်ဆေးစဉ် မသကာင်္ဖွယ် တွေ့ရတာကြောင့် ရှာဖွေ စစ်ဆေးရာက လက်နက်တွေ မိတာ ဖြစ်တယ်လို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် က အတည်ပြု ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။

ဖမ်းဆီးရမိတဲ့ ခရီးသည်တွေဟာ ကိုယ်တိုင် မူးယစ်ဆေး သုံးစွဲထားပုံရပြီး သူတို့ဆီကနေ မူးယစ်ဆေးတွေကိုလည်း ဖမ်းဆီးရမိတာကြောင့် အခုအခါ သူတို့ကို ဆေးစစ်မှုတွေ ပြုလုပ်နေသလို ဖမ်းဆီးရမိတဲ့ သေနတ်တွေနဲ့ ပတ်သက်လို့လည်း အသေးစိတ် စစ်ဆေးနေတယ်လို့ ရဲမှူးကြီးက ပြောကြောင်း BBC သတင်းကဖေါ်ပြပါတယ်။

သူတို့ဆီက လက်နက် နဲ့ မူးယစ်ဆေး တဆက်တည်း တွဲမိခဲ့တာကြောင့် ပြဌာန်း ဥပဒေ ပုဒ်မ ၂၁ ခ နဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ရဲမှူးကြီးက ဆိုကြောင်းလည်းသတင်းတွေအရသိရှိရပါတယ်။

Photo Credit: News Watch
References links:
https://www.facebook.com/NewsWatchJournal/posts/1485054011532395
https://www.facebook.com/bbcburmese/

Retrieved date: 16/10/2017

No comments:

Post a Comment

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး

အဆိုတော် ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ရန်ကုန်၊ သြဂုတ် ၁၀ ၊ ၂၀၁၈ အဆိုတော် ေ...